စံချိန်တင်စစ်အသုံးစရိတ်ကို ဂျိုးဘိုင်ဒင် လက် မှတ်ထိုး

ဒီဇင်ဘာ ၂၄

       အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က နိုင်ငံ၏ စံချိန်တင်စစ်အသုံးစရိတ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၈၈၆ ဒသမ ၃ ဘီလီယံရှိပြီး အများစုကို စစ်သည်များ အတွက် လစာတိုးပေးသွားမည်ဖြစ်သည်။

       ထိုစစ်အသုံးစရိတ်သည် ပြီးခဲ့သည့်နှစ် ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့သော ဒေါ်လာ ၈၅၈ ဘီလီယံထက် ၃ ရာခိုင်နှုန်း ပိုမိုများပြားနေပြီး လွှတ် တော်မှပါတီနှစ်ရပ်စလုံးက ထောက်ခံခွင့်ပြု ခဲ့ခြင်းဖြစ်သည်။

       ယင်းဥပဒေတွင် ယူကရိန်းကို စစ်ရေးအကူအညီများ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ပေးမည့် ပြဋ္ဌာန်းချက်တစ်ရပ်လည်း ပါဝင်သည်။

      ဒေါ်လာ သန်း ၃၀၀ ကို ယူကရိန်းသို့ တိုက်ရိုက်ထောက်ပံ့ပေးသွားမည်မဟုတ်ဘဲ ယူကရိန်းအတွက် လိုအပ်သည့်လက်နက်များ၊ ခဲယမ်းများကို အမေရိကန်စစ်လက်နက်ပစ္စည်းထုတ်လုပ်သူများထံမှ ဝယ်ယူကာ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

       အမေရိကန်သမ္မတများအနက် အိုဘားမား မှလွဲ၍ ကျန်သမ္မတများအားလုံးမှာ စစ်အသုံးစရိတ်ကို တစ်နှစ် ပြီးတစ်နှစ် တိုးမြှင့်ခဲ့သူများသာဖြစ် သည်။ အိုဘားမား သည် ၂၀၁၁ ခုနှစ်တွင် စစ်အသုံးစရိတ် ဒေါ်လာ ၇၅၂ ဘီလီယံခွင့်ပြုရာမှ ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၆၃၃ ဘီလီယံအထိ လျှော့ချခဲ့ကြောင်း သိရသည်။

#PAN