ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်တွင် သားအဖနှစ်ဦး ရန်ဖြစ်စကားများပြီး နှစ်ဦးစလုံး ဓာတ်ဆီလောင်းမီးရှို့မူဖြစ်ပွား

ဒီဇင်ဘာ ၂၃ 

ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်တွင် အိမ်ငှားအဖြစ် မိသားစုများနေထိုင်‌သော သားအဖနှစ်ဦး ရန်ဖြစ်စကားများကြောင်း ၊ အဆိုပါသားအဖနှစ်ဦးမှာ အရက်သေစာသောက်စားထားပြီး ၎င်းတို့ငှား ရမ်းနေထိုင်သည့် အခန်းတွင် တံခါးကိုပိတ်၍ သားအဖနှစ်ဦး ရန်ဖြစ်စကားများ၍ တစ်ယောက်ကိုတစ်ယောက် ဓာတ်ဆီလောင်းမီးရှို့ရာ မီးလောင်သွားကြောင်း သိရသည်။

ထိုမီးလောင်မူကြောင့် ငှားရမ်းထားသည့် အိမ်မှာပတ်ဝန်းကျင်ရှ်ိပြည်သူများက မီးဝိုင်းငြိမ်းသတ်ပေးပြီး အသက် ၆၅ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးအောင်ဝင်းမှာ မီးလောင်သည့်ဒဏ်ရာများကြောင့် အခင်းနေရာတွင် သေဆုံးပြီး ၊ သားဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကိုအောင်ချမ်းမြေ့ဝင်းမှာ ဆေးရုံတွင် ဆေးကုသနေရင်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သေဆုံးသွားကြောင်းသိရပြီး အဆိုပါရုပ်အလောင်းများကို ခမ်းတီလုန်လူငယ်ပရဟိတ အသင်းမှ မီးသဂြိုလ်ပေး ခဲ့ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews