ကျောက်ဆည်မြို့နယ်တွင် ကျေးရွာလုံခြုံရေးကင်းအဖွဲ့အားအကြမ်းဖက် PDF အဖွဲ့က သေ နတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အ.မ.က ကျောင်းအုပ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦးအပါအဝင် အမျိုးသား ၃ ဦး သေဆုံးခဲ့

ဒီဇင်ဘာ ၂၃

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်၊ ဒါန်းတိုင်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ၌ ယမန်နေ့ ညပိုင်းတွင် ကျေးရွာလုံခြုံရေးကင်းအဖွဲ့အား အကြမ်း ဖက် PDF အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အ.မ.က ကျောင်းအုပ်နှင့် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦးအပါအဝင် အမျိုး သား ၃ ဦး သေဆုံးခဲ့သည်ဟု သိရပါသည်။

      ယမန်နေ့ ညက လက်ပန်ကျေးရွာသားများဖြစ်ကြသော ဦးမျိုးမြင့်အောင် ၊၄၃နှစ်၊(ဘ)ဦးလှကောင်း၊ရာအိမ်မှုး(ပြည်ခိုင်ဖြိုးပါတီဝင်)၊ ဦးဆန်းဦး ၊၅၉နှစ်၊(ဘ)ဦးထွန်းလှိုင်၊ကုန်းကျယ်ကျေးရွာ အမက ကျောင်း အုပ်၊ ဦးကိုအောင် ၊၄၂နှစ်၊(ဘ)ဦးအုန်းဆွေ၊တောင်သူ (ပြည်ခိုင်ဖြိုးပါတီဝင်)၊ ဦးစန်းအောင်၊၄၅နှစ်၊(ဘ)ဦးညွန့်တင်၊ ဦးနေမျိုးထိုက်၊၃၅နှစ်၊(ဘ)ဦးချစ်ဆွေ၊ ဦးဇော်ထက်၊၃၈နှစ်၊(ဘ)ဦးညွန့်လှိုင်၊ ဦးဟန်မင်းသိန်း ၊၃၁နှစ်၊(ဘ)ဦးသိန်းထီ၊ ဦးကျော်ဦး ၊၅၀နှစ်၊(ဘ)ဦးဖိုးနီတို့ ၈ ဦးသည် ကျေးရွာလုံခြုံရေးအတွက် ကျေးရွာ၏ တောင်ဘက်ထိပ်အပေါက် ကင်းတဲတွင် လုံခြုံ ရေးကင်းဆောင်ရွက်နေစဥ် ည ၁၀ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် PDF(အမည်မသိ)  အမျိုး သား ၇ ဦးခန့်က လက်ပန်ကျေးရွာ ရွာထဲမှ လမ်းလျောက်လာကာ သေနတ်အမျိုးအစား(စီစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်းပစ်ခတ်သူများမှာ ကျေးရွာအရှေ့ဘက် လယ် ကွင်းဘက်မှ ကျောက်မကျစ်ကျေးရွာ တောလမ်းအတိုင်း ထွက်ပြေးသွားခဲ့ကြသည်ဟု သိရပါသည်။

      ထိုသို့ အကြမ်းဖက် PDF များက သေနတ်ဖြင့် လာရောက်ပစ်ခတ်စဥ် ဦးစန်းအောင်၊ ဦးနေမျိုးထိုက်၊ ဦးဇော်ထက်၊ ဦးဟန်မင်းသိန်းနှင့် ဦးကျော်ဦး တို့ ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကာ ကျန်ရှိသော ဦးမျိုးမြင့်အောင်၊ ဦးဆန်းဦး နှင့် ဦးကိုအောင် တို့ ၃ ဦးမှာ လက် နက်ငယ်ကျည် ထိမှန်ခဲ့ရာ ဦးမျိုးမြင့်အောင် တွင် လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ဦးဆန်းဦး တွင် ဦးခေါင်းထိပ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ဦးကိုအောင် တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ် ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

      ၎င်း လက်ပန်ကျေးရွာမှာ NLD အမာခံကျေး ရွာဖြစ်ပြီး ယခင် ၂၀၂၂ ခုနှစ်ကလည်း ရာအိမ်မှုး ၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါသည်။

#PAN