အယ်ဒီတာ့ အာဘော်

ခြေလျင်တပ်တွေဟာ စစ်ပွဲ မှာ ရန်သူ နဲ့ အနီးကပ်ဆုံးရင်ဆိုင်တိုက်ခိုက်နေရသော တပ်များဖြစ်
ပြီး သူတို့ကို အဆင့်မြှင့်တင်တဲ့
နေရာမှာ နိုင်ငံတကာမှာ ခြေလျင်စစ်သားတွေ အသုံးပြုနေသော
စစ်လက်နက်ပစ္စည်းကရိယာ တွေ
ပြည့်ဆုံအောင် ဆောင်ရွက်ပေးဖို့
လိုအပ်သလို အဆိုပါ ကိရိယာတွေကို အကျွမ်းတဝင် ရှိဖို့ စဥ်ဆက်မပြတ် လေ့ကျင့်နေဖို့ လိုအပ်တာပါ။

ဥပမာ အားဖြင့်
လက်နက်ငယ်တွေမှာ စနိုက်ဘာ
တပ်ဆင်ခြင်း

စနိုက်ဘာများကို နိုင်ငံတကာအဆင့်မှီ မှန်ပြောင်းဆိုက် များ တတ်ဆင်ခြင်း အသုံးပြုခြင်း

မြေပြင် တပ်ရင်း/တပ်ဖွဲ့တိုင်း ဒရုန်း
စစ်ဆင်ရေးကို ကျွမ်းကျင်စွာဆောင်ရွက် နိုင်ခြင်း ကာကွယ်နိုင်ခြင်း၊

ည အချိန် ညကြည့် မှန်ပြောင်းများ
နှင့် နေ့ အချိန်ကြည့်ရန် မျက်မှန်များ ဝယ်ယူတတပ်ဆင်ပေးခြင်း
တွားသွားရာတွင် သက်သာလွယ်ကူ
စေသော ဒူး နှင့် တံတောင်ကို အကာအကွယ်ပေးသော ဒူးစွတ်
တံတောင်စွတ်များ ဖြန့်ဝေပေးခြင်း
ဦးထုပ် ကျည်ကာနှင့် အဆင့်အတန်း ပြည့်မှီရေးနဲ့ စနိုက်ဘာ တပ်ဖွဲ့များ အဖွဲ့ငယ်ဖြင့် မစ်ရှင်းများ
ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးရေးများလိုအပ်ပါသည်။

ယနေ့ ခေတ် သည့် ပွင့်လင်းမြင်သာ
သော ခေတ်ဖြစ်ရာ ထို လိုအပ်ချက်
များကို ရန်သူ အပါအဝင် ပြည်သူတိုင်းက သိနေကြမည်ဖြစ်သည်။
ဖုံးကွယ်ထားလို့ မရပါ။

ဗဟိုကွပ်ကဲမှု အတွက် UAV ထက်သာလွန်သော မိမိတပ်နှင့် ရန်သူ လှုပ်ရှားမှု မှန်သမျှ တိုက်ပွဲရှိသည်
ဖြစ်စေ မရှိသည်ဖြစ်စေ စောင်ကြည့် ကွပ်ကဲ နိုင်သော စတက်လိုက်
ဂြိုလ်တု စနစ် လိုအပ်ပါသည်။

မိမိ ပြည်တွင်းစစ်ဘက်သုံးသာဖြစ်၍ ကုန်ကျမှုသက်သာစွာဖြင့်
ဆောင်ရွက်နိုင်ပါသည်။

ယခု တိုက်ပွဲများတွင်လည်း မိမိတပ်မတော်သားများညံ့၍ မဟုတ်ပါ
ရန်သူက မိမိတပ်၏ အားနည်းချက်
ကို  ရှာဖွေပြီး နည်းပညာမြင့် ပေါက်ကွဲအားမြင်းသော ဒရုန်း Drop bomb များ အသုံးပြု ခြင်းကြောင့်ဖြစ်ပါသည်။

ရန်သူနှင့် အနီးကပ်ဆုံးရင်ဆိုင်နေရ သော ခြေလျင်တပ်ကသာ စစ်ကို
ဦးဆောင်မှာ ဖြစ်သည့်အတွက် အဆင့်မြှင့်တင်ပေး နိုင်ဖို့ အရေးကြီး လိုအပ်ပါသည်။

ခေတ်စနစ် မတူပါ ဗကပ ခေတ်ကလို လူလှိုင်းစစ်ဆင်ရေးတင်မဟုတ်
ပါ နည်းပညာ စစ်ပွဲကိုပါရင်ဆိုင်နေရခြင်းဖြစ်သည်ကို သဘောပေါက်ရန် လိုအပ်ပါသည်။

မင်းတို့ ခေတ်ရောက်မှကွာ ဆိုသည့် စကားများ မပြောသင့် ခေတ်နှင့် နည်းပညာ ပြောင်းလဲတိုးတက်မှု
မတူညီပါ။

နိုင်ငံတပ်မတော်ဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် ငွေကုန်ကြေးကျ ရှိစမြဲ ဖြစ်ပါသည်။

နိုင်ငံတော်ကသာ အကုန်ကျခံရခြင်းဖြစ်ပါသည်။ မည်သူ့ အိပ်ကပ်ထဲက ငွေ မှ မကုန်ကျပါ။

လက်တွေ့ကျ သော ပြုပြင်ပြောင်းလဲမှု များကသာ ခြေလျင် တပ်၏ တိုက်စွမ်းအားနှင့် စိတ်ဓာတ်ခံယူချက်ကို မြှင့်တင်
ပေးနိုင်မည်ဖြစ်သည်။

ဒါက ကျွန်တော် ရေးသားတင်ပြမှ အထူးအဆန်းလို ဖြစ်ကောင်းဖြစ်မည် ဖြစ်သော်လည်း ခြေလျင်
စစ်သားတိုင်းက သိပြီးသား အကြောင်းအရာများ ဖြစ်နေပါလိမ့်မည်။

နိုင်ငံနှင့်တပ်မတော် ကောင်းဖို့အတွက် သိသမျှအနည်းငယ်ကို
သာရေးတင်ပြ ခြင်းဖြစ်ပါသည်။

အမှားများပါလျှင်လည်း ခွင့်လွှတ်နားလည်နိုင်ကြပါစေ။ သေချာသည်မှာ လုံးဝ နောက်မကျသေးပါ
ရုပ်ဝတ္တုများသည် စိတ်ဓာတ်ကိုမြှင့်တင်နိုင်သကဲ့သို့ ခေတ််မီသောစစ်ဘက်သုံးကရိယာများသည် တိုက်စွမ်းအားကို မြင့်တက်စေမည် ဖြစ်ပါသည်။

#PAN

Telegram link

https://t.me/positiveanglenews.

One thought on “အယ်ဒီတာ့ အာဘော်

Comments are closed.