နိုဝင်ဘာ ၂၉ ရက်နေ့ ကယားပြည်နယ်၊ ချင်း ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့အတွင်း တိုက်ပွဲ သတင်းများ

နိုဝင်ဘာ ၃၀

      အကြမ်းဖက်သောင်းကျန်းသူ KNPP / KNDF /AA နှင့် PDF အဖွဲ့များက ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့အတွင်း အောက်တိုဘာ ၂၉ ရက်နေ့တွင် တပ်မတော်စခန်းများ၊ မြို့များကို အင်အားအလွန်အကျွံ အသုံးပြုကာ တိုက် ခိုက်ရာ တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များက ခုခံတိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ယမန် နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ဆက်စပ်သတင်းများကို မိမိ မြေပြင်သတင်းထောက်များ၏ ပေးပို့လာမှုများကို ဖော်ပြအပ်ပါသည်။

■   ကယားပြည်နယ်၊ လွိုင်ကော်မြို့ အထက (၂)၊ ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် သစ်တောဝန်းများသို့ KNPP / KNDF နှင့် PDF အကြမ်း ဖက်ပူးပေါင်းအဖွဲ့က အင်အား ၆၀ဦး၊ ၁၂၀ ဦး၊ ၃၀ ဦးခန့်တို့ဖြင့်လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မ တော်နှင့် လုံခြုံရေးအဖွဲ့များက  ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်း သူများ ထိခိုက်သေဆုံးမှုများဖြင့် ဆုတ်ခွာထွက်ပြေးကြရပြီး ၎င်းတို့ထံမှ အမ်(၄) ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်း ဆည်းရမိခဲ့ကြောင်း၊ တပ်မတော်ဖက်မှ စစ်သည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

■   ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်စခန်းနှင့် နှုံးဘူးစခန်းများသို့ AA သောင်း ကျန်းသူများက ဒရုန်းများဖြင့် Drop Bomb များ ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် စခန်းလုံခြုံရေးအဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။

■   ချင်းပြည်နယ်၊ မတူပီမြို့၊ ရေဇွာစခန်းသို့ နံနက် ၇ နာရီခန့်တွင် နေရာ ၂ နေရာမှ ​အကြမ်း ဖက် PDF ၁၂၀ ဦးခန့်က ဒရုန်း ၅ စီးဖြင့် Bomb ၂၅ လုံး၊ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးအဖွဲ့ဖက်တွင် ထိခိုက်မှုမရှိဘဲ အကြမ်း ဖက် PDF ထိခိုက်မှုစုံစမ်းဆဲဖြစ်သည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်ဈေးအနီး လုံခြုံ ရေးဆောင်ရွက်နေသော တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KIA/ PDF ပူးပေါင်းအင်အား ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဖြစ်စဥ်တွင် တပ်မတော်မှ စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူဖက်မှ ထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်သည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ဇီးမင်သာ ပြည်သူ့စစ်စခန်းသို့ အကြမ်းဖက် PDF ၁၀၀ ဦးခန့်ကလည်းကောင်း၊ ၂၀၀ ဦးခန့်က လည်းကောင်း ဒရုန်းဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF ဖက်မှ ထိခိုက်မှုစုံစမ်းဆဲဖြစ်ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ထွေ/အုပ်ရုံး၊ မြို့မရဲစခန်းနှင့် ဝန်ထမ်းအိမ်ရာများသို့ နံနက် ၅ နာရီမှ ၁၂ နာရီထိ နေရာ ၃ နေရာမှ PDF ၁၉၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်မှ လေ ကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF များ အထိအခိုက်အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်။

■   ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ တံတားထိပ်လမ်း ဆုံနှင့် အထက စာသင်ကျောင်းများသို့ AA သောင်း ကျန်းသူ အင်အား ၅၀ ဦးခန့်စီဖြင့် နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ည ၁၀ နာရီခန့်တို့တွင်  ၅ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်း သူဖက်မှ ထိခိုက်မှု စုံစမ်းဆဲဖြစ်ပြီး တပ်မ​တော်လုံခြုံရေးအဖွဲ့မှ စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

#PAN