မြင်းခြံမြို့နယ်တွင် မီးလင်းရေး ကော်မတီတွင် အဖွဲ့ဝင်နှင့် ရပ်မိ/ရပ်ဖ သာမန်ပြည်သူ တစ်ဦး မီတာကောက်ခံနေမှုကြောင့် PDF များက သတ်ဖြတ်

နိုဝင်ဘာ ၃၀

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ရွာရှည်ကျေးရွာ၏ အရှေ့ဘက် ၅ဖာလုံခန့်အကွာ ရွာရှည်ကျေးရွာနှင့်ကျောက်ကုန်းကျေးရွာ​ကြား၊ကျေးရွာချင်းဆက် မြေသားလမ်းမပေါ်တွင် ရွာရှည်ကျေးရွာ ရပ်မိ/ရပ်ဖ သာမန်ပြည်သူ တစ်ဦးကို အကြမ်းဖက်သမား PDF များက ယနေ့ မွန်း လွဲပိုင်းတွင် သေနတ်ဖြင့် ပစ် ခတ်သတ် ဖြတ်ခဲ့သည်ဟု သိရပါသည်။

       ဖြစ်စဥ်မှာ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ဦးကျော်အောင်၊၅၉နှစ်၊(ဘ)ဦးစံလူ၊တောင် သူ၊ရွာရှည်ကျေးရွာ၊မြင်းခြံမြို့နယ်နေသူသည် ၎င်း၏နေအိမ်မှ နံပါတ်မပါ ANBO-125 အနက်ရောင် ဆိုင်ကယ်ဖြင့် ရွာရှည်ကျေးရွာအရှေ့ဘက်ရှိ ၎င်းပိုင်ဆိုင်သော ဝါစိုက် ခင်းသို့ ဝါကောက်ရန် သွားရောက်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ဝါစိုက်ခင်းမှ ရွာရှည်ကျေးရွာသို့ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် စိစစ်ဆဲအကြမ်း ဖက်သမား PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ဦးကျော်အောင် အား သေနတ်ဖြင့် ပစ်ခတ်ကာ ဦးကျော်အောင်၏ ဆိုင်ကယ်အား ယူဆောင်၍ ကျောက်ကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ခြင်းဖြစ် သည်။

      ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးကျော်အောင် တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ဝဲ-နားရွက်အောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နောက်ကျောဖောက်ဝင်ဒဏ် ရာ ၁ ချက်တို့ဖြင့် သေ ဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ 9-MM LUGER ကျည်ခွံ ၁ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

       သေဆုံးသူ ဦးကျော်အောင်သည် ရွာရှည်ကျေးရွာ ၌ မီးလင်းရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ ရပ်မိ/ရပ်ဖအဖြစ်လည်း ကောင်း ဆောင်ရွက်လျက်ရှိပြီး မီတာကြေးများအား ကောက်ယူပေးနေသည့်အတွက် ယခုကဲ့သို့ သတ်ဖြတ်ခံရခြင်းဖြစ်နိူင်ကြောင်း ဒေသခံများ ၏ ပြောကြားမှုအရ သိရပါ သည်။

#PAN