ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Korea Consumer Global Council မှ ချီးမြှင့်သည့် “ 2023 Best Ambassador Award” ဆုကို လက်ခံရယူ

နိုဝင်ဘာ ၃၀

       ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် ဆိုးလ်မြို့ရှိ Korea Press Center ၌ ကျင်းပပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံရှိ Korea Consumer Global Council က Korea Consumer Brand Grand Prize Awards ၏ တစ်စိတ်တစ်ဒေသအဖြစ် အပ်နှင်းသည့် 2023 Best Ambassador Award ကိုလက်ခံရယူခဲ့ပါသည်။

        Korea Consumer Brand Awards Committee ၏ဥက္ကဋ္ဌဖြစ်သူ Mr. Kim Cheol-ho က မြန်မာသံအမတ်ကြီးဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံတွင် သံတမန်အခန်းကဏ္ဍ၌ တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ခြင်း၊ Korea Consumer Global Council သို့ စဉ်ဆက်မပြတ် ကူညီ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ခဲ့ခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်အတွက် Best Ambassador Award ကိုပေးအပ်ခဲ့ခြင်း ဖြစ် ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။သံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၁ ခုနှစ်တွင် လည်း Best Ambassador Award ကို လက်ခံရရှိခဲ့ပြီး၊ယခု ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။

       သံအမတ်ကြီး ဦးသန့်စင်က Best Ambassador Award ကိုလက်ခံရယူပြီးနောက် အဆိုပါဆုသည် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား ရှိ ရင်းစွဲချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုခိုင်မာစေရန် အားဖြည့်ပေးခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံ၏ Polytechnic University နှင့် မြန်မာ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သံတမန်ကဏ္ဍ၊ စီးပွားရေးနှင့် ယဉ်ကျေး မှု နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို Korea Consumer Global Council နှင့်အတူ ဆက် လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

       မြန်မာသံအမတ်ကြီး ဦးသန့်စင် နှင့်အတူ ဖိလစ်ပိုင်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့မှ သံအမတ်ကြီးများကိုလည်း 2023 Best Ambassador Award ဆုများကို အပ်နှင်းခဲ့ကြောင်း သိရှိရပါသည်။

#PAN