တောင်သာမြို့၌ အဓမ္မလူသစ် စုဆောင်းခံရသည့် လူငယ်တစ်ဦးအား ငွေကြေးဖြင့် ပြန်ရွေး ခဲ့ရကြောင်း မဟုတ်မမှန်လုပ်ကြံသတင်းများ ရေး သားဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၃၀

       မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ် (၆)ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၈ နှစ် အရွယ်လူငယ်တစ်ဦးသည် နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ တောင်သာမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးရှေ့မှ ခြေလျင်ဖြတ်သွားချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး တပ်မတော်သို့ဝင်ရန် အတင်းအဓမ္မခြိမ်း ခြောက်ခဲ့သောကြောင့် ငွေကြေးဖြင့် ပြန်ရွေးခဲ့ရကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းများ ရေး သားနေသည့် မြေလတ်အသံ သတင်းမီဒီယာမှ လူမှုကွန်ရက်သတင်းစာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည် တွေ့ရှိရသည်။

        အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ နိုဝင်ဘာ ၂၈ ရက် နေ့လည် ၁၂ နာရီချိန်ခန့်တွင် တောင်သာမြို့နယ် အထွေထွေ အုပ် ချုပ်ရေးမှူးရုံးရှေ့၌ မသင်္ကာဖွယ်အမျိုးသားတစ်ဦးမှ ခေါက်တုန့်ခေါက်ပြန် ၃ ကြိမ်ခန့် လမ်းလျှောက်နေသဖြင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များက လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊  စစ်ဆေးတွေ့ရှိချက်များအရ ၎င်းသည် အရက်အလွန်အကျွံ သောက်စားထားကာ  မေးမြန်းမှုများအား ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မပါရှိကြောင်း၊ ၎င်းနှင့်အတူ အဝတ်ထုပ် ၁ ထုပ်၊ ငွေကျပ် ၁၀၀၀ ကျပ် ကိုတွေ့ရှိရပြီး အချိန်အနည်း ငယ် ကြာမှသာ အဆိုပါလူငယ်၏ မိခင်ဖြစ်သူ ရောက်ရှိလာပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း ပိုက်ဆံဖြင့် ရွေးယူသွားသည်မှာ မဟုတ်ကြောင်း သိရှိရသည်။

       သို့ဖြစ်ပါ၍ တရားမဝင် မီဒီယာများသည် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက် ဖျက် ဆီးမှုလုပ်ရပ်များ လုပ်ဆောင်ချိန်တွင် သတင်းအမှားများဖြင့် သွေးထိုးလှုံဆော်မှုများ ဆက်တိုက်ထုတ်လွှင့် ရေးသားလျက်ရှိပြီး  နိုင်ငံ တော်နှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်း စိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင် အမြင်လွဲမှား‌စေရန် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူကို သတင်းအဆိပ်ခပ် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN