ညောင်လေးပင်၊ ပုဇွန်မြောင်းရွာမှ လျှပ်စစ်မီးကြိုးများအား တပ်မတော်က ဖြုတ်ယူ ရောင်းစား နေဟု သတင်းတု၊ သတင်းအမှားများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၃၀

       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာ၌ တပ်မတော်မှ ကျွဲ၊ နွားများ၊ အိမ်ထောင် ပရိဘောဂများ အပါအဝင် ကျေးရွာအတွင်းသွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ အား ဖြုတ်ယူရောင်း စားနေကြောင်း၊ လျှပ် စစ်မီးကြိုးများ မရှိသလောက်ဖြစ်နေပြီး ကျေးရွာ အတွင်း မီးလင်းခြင်း မတွေ့ရတော့ကြောင်း စသည်ဖြင့် ဒေသခံများထံမှသိရှိရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန် ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

      ပဲခူးတိုင်းဒေသကြီး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ကျေးရွာသူကျေးရွာသားများ ပုံမှန်နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိကြောင်းနှင့် အထက်ပါ သတင်းသည် သတင်းအမှား သာဖြစ် ကြောင်း သိရှိရသည်။  ၎င်းအပြင် ပုဇွန်မြောင်းကျေးရွာဝန်းကျင်တွင် တာဝန်ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ လွန်ခဲ့သော ၃ လခန့်က အကြမ်း ဖက်သောင်းကျန်းသူများမှ ရွာအနီးလာရောက်၍ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားပေးဝေသည့် လျှပ်စီးမီးကြိုးနေရာအချို့ ပြတ်တောက် ခဲ့ပြီး မီးမရရှိ သည်မှာ  ၃ လခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

      အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ် စစ်ကဏ္ဍအား ထိခိုက်ပျက်စီးစေရန် မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်း များအား လုယက်ယူ ဆောင်ခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး မြို့ရွာများ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါဝင် လုံခြုံရေးပူးပေါင်း အဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများမှ အဓိကထား ဦးတည်တိုက်ခိုက်ရေးသား ဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#PAN