အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးဦးပိုင်လီမိတက် ကုမ္ပဏီကားဝင်း ဗုံးဖြင့်တိုက်ခိုက်ခံရ ကြောင်း ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၃၀

       ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊သီရိမင်္ဂလာလမ်းပေါ်ရှိ မြန်မာစီးပွားရေး ဦးပိုင်လီမိတက် ကုမ္ပဏီကားဝင်းကို နိုဝင်ဘာလ ၂၉ ရက် ည ၇ နာရီ မိနစ် ၄၀ ချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တရား မဝင်ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနက ဆိုရှယ်မီဒီယာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေ‌ကြောင်း တွေ့ရှိရသည်။

      အဆိုပါ သတင်းနှင့်ပတ်သက်၍ ဗုံးပေါက်ကွဲမှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

       နိုင်ငံ၏နယ်စပ်ဒေသအချို့တွင် လက်နက်ကိုင်သောင်းကျန်းသူများက မြို့၊ ရွာများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်လာပြီးအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေချိန်၌ မြို့ပြများတွင် အေးချမ်းတည် ငြိမ်နေသည်ကိုမလိုလားသည့် တရားမဝင်ပြည်ဖျက်မီဒီယာ အချို့မှ မီဒီယာကျင့်ဝတ်များကို လိုက်နာစောင့် ထိန်းမှုမရှိဘဲ မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN