ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/ ၄)နှင့် (၄၅/၅)ကြားတွင် အရှိန်မထိန်းနိုင်ဘဲ ယာဥ်တိုက်မှုဖြစ်ပွား

နိုဝင်ဘာ ၁၀

     ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/ ၄)နှင့် (၄၅/၅)ကြားတွင် နေပြည်တော်ဘက်မှ မောင်းနှင်လာသော YUTONG အမျိုးအစား(ရန်ကုန် – တာချီလိတ် Express) ယာဉ်သည် ရန်ကုန်ဘက်မှ မောင်းနှင်လာသော TOYOTA Alphard အမျိုးအစား(အဖြူရောင်) ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိပြီး တံတားဘောင်အားတိုက်မိရပ်တန့်မှု ဖြစ်ပွားခဲ့သည်။

       အဆိုပါ သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူး ပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ယာဥ်တိုက်မှု ဖြစ်စဉ်ကြောင့် Alphard ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းလူနာကို ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်‌ပေးခဲ့ကြောင်းနှင့် Express ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၉ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။
သတင်း/ဓာတ်ပုံ – မြန်နိုင်ငံ မီးသတ်ဖွဲ့

#PAN