လွတ်မြောက်ထွက်ပြေးလာသူ ပြည်သူ နှစ်ဦး၏ကောလင်းတိုက်ပွဲ ကိုယ်တွေ့ ဖြစ်ရပ်မှန် ပြောပြချက်

နိုဝင်ဘာ ၁၀

       နိုဝင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ အကြမ်းဖက်သောင်းကျန်းသူ PDF များက ကောလင်းမြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့နှင့် မြို့မရဲစခန်းတို့ကို သာလွန်အင်အားအသုံးပြုပြီး တိုက် ခိုက်ခဲ့သည့် ဖြစ်စဥ်နှင့် ပတ်သက်၍ ထိုအချိန်က ကောလင်းမြို့ပေါ်တွင် ပိတ်မိပြီး ပုန်းခိုနေသူ ပြည်သူ(အမျိုးသား) ၂ ဦးက ဖြစ်အမှန်ကို PAN သို့ ပြောပြလာပါသည်။

       ဖြစ်စဥ်မှာ ကောလင်းမှာရှိတဲ့ စစ်ကြောင်းပြန်ထွက်သွားချိန် ကောလင်းမြို့ပေါ်မှာ ရဲစခန်းနှင့် မြို့စောင့်တပ်အနည်းငယ် ၁၅ ယောက်လောက်ကျန်တဲ့အချိန် နိုဝင်ဘာ ၃ ရက် နံနက် ၃ နာရီခွဲအချိန်ခန့်မှာ မြို့တွင်းဝင်လာပြီး စပစ်တယ်။ မြို့မရဲစခန်းနဲ့ကောင်လင်းခရိုင်ရုံးက စစ်သည်အင်အားအနည်း ငယ်(အစောင့်ချထားသည့်အင်အား)ကို တစ်ချိန်တည်းတစ်ပြိုင် တည်း ဝင်ပစ်တယ်။ တပ်နဲ့ ရဲကရှိတဲ့အင်အားနဲ့ ခံတိုက်ထားတော့ မတိုးနိုင်ဘူး။

       လက်နက်ကြီးအသံတွေလည်းအများကြီးကြားရတယ်။မနက်မိုးလင်းရင်ပြီးသွားမယ်ထင်တာ မပြီးဘူး ဆက်ပစ်နေကြတယ်။ သူတို့ PDF တွေ ချက်ခြင်းမသိမ်းနိုင်ဘူး။ အင်အားကတော့အများကြီးဘဲ။ ဥက္ကံဘက်ကလည်း ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လာတယ်။ကျောက်တန်းဘက်ကလည်းဖိုးဝှီးတွေနဲ့လာတယ်။ ၃ ရက်နေ့ တစ်ရက်လုံး ရဲစခန်းနဲ့ ခရိုင်ရုံးနားမကပ်နိုင်ဘူး။ ၃ ရက်နေ့ညနေပိုင်း တပ်ဘက်ကအင်အားတွေရောက်လာတယ်ထင်တယ်။ ဝန်းသိုနဲ့ ကိုးတောင်ဘို့ဘက်ကဝင်လာတယ်။ ကိုးတောင်ဘို့ဘက်ကလာတဲ့စစ်ကြောင်းနဲ့ ကောလင်းအဝင် ဘောလုံးကွင်းနား မှာ တိုက်ပွဲတွေဖြစ်ကြတော့ ရဟတ်ယာဥ်လာပစ်သံကြားရတယ်။

       PDF တွေမြို့ထဲ ဟိုကူးဒီကူးကူးနေတာတွေ့ရတယ်။ ၃ ရက်နေ့ ညတော့နည်းနည်းငြိမ် သွားတယ်လူနာတွေ ရွှေ့ထုတ်နေတာထင်တယ်၊ ကားသံကြားနေရတယ်။

        ၄ ရက်နေ့ မနက် ထပ်ပစ်ကြပြန်တယ်။ တပ်ဘက်က ပစ်တာပိုများလာတယ်။ နှစ်ဖက်လုံးရှေ့မတိုးနိုင်ကြဘူး။ ရပ်ကွက်ထဲက လူတွေကတော့ပြေးကုန်ကြပြီ ကျန်တဲ့ပိတ်မိနေသူတွေကတော့အိမ်ခိုင်ခိုင်တွေမှာ ပေါင်းနေကြတယ်။ PDF တွေကအိမ်အမြင့်တွေကနေ ခရိုင်ရုံးဘက်ပစ်ကြတယ်။ တရုတ်ဘုံကျောင်းတို့၊ ဇွဲမောင်မောင်တိုက်တွေပေါ်ကနေ ပစ်ကြတာ။

        ၄ ရက်နေ့ ရဟတ်ယာဥ်နဲ့ နေ့ပိုင်းလာပစ်တော့ PDF တွေဘက်က ပစ်သံနည်းသွားတယ်။ကျုပ်တို့က လမ်းမတန်းဆိုတော့ နှစ်ဖက်ပစ်တဲ့ကြားရောက်နေတာ မထွက်ရဲဘူး၊ ထမင်းလည်းမစားရဘူး။ ရတ်ယာဥ်လည်းလာပစ်တယ်၊ ဘယ်နခေါက်မှန်းမသိတော့ဘူး။

      ၄ ရက်နေ့ည ရောက်တော့တစ်ညလုံး ပြင်း ပြင်းထန်ထန်ပစ်ကြတာ၊ အတော့်ကို အပစ်ကြမ်းတယ်။ ၄ ရက်မနက်ကြတော့ လေယာဥ်နဲ့ ဗုံး၂လုံးကျဲသံကြားရပြီး မီးလောင်တယ်။ ပစ်သံတွေ လည်း ရပ်သွားတယ်။

       ၅ ရက်နေ့ မနက်ရောက်တော့ ပစ်သံတွေရပ်နေတာနဲ့ အရဲစွန့်ပြီးပြေးလာတာ။ပြေးလိုက်တာကံကောင်းတယ်၊ ၅ ရက်နေ့ ၆ ရက်နေ့ ဗုံးကျဲတာ၊ အကုန်ပြိုပြာပုံကျတယ် ဟု အမျိုးသား တစ်ဦးက ဆိုပါသည်။

        ကျန်အမျိုးသား တစ်ဦးက ပြောပြရာတွင်
ကျောက်တန်းတို့ ဖလဲတို့လည်း ဘာမှမရှိတော့ဘူး
ပြာပုံဘဲကျန်တယ်။ တပ်ကအင်အားနည်းနေတုန်းအလစ်ဝင်တိုက်တာပါ။ PDF တွေ အင်အားတော့အတော်များတယ်။ ယူနီဖေါင်းနဲ့က သိပ်မများဘူးအရပ်ဝတ်တွေနဲ့က များတာ၊ အိမ်တွေဖေါက်ကြ၊သယ်ကြနဲ့ပေါ့၊ ပွဲတော်ကြီးဖြစ်နေတာ။ ကောလင်းတော့ကုန်ပြီညယ်(ဒေသအပြော​ဖြစ်သည် ‘ဗျာ’ ဟု ဆိုလိုရင်းဖြစ်သည်။)၊ ကျုပ်တို့တော့ ခွေးဖြစ်ပြီ ဘာမှလည်း လုပ်ကိုင်စားစရာမရှိတော့ဘူး၊ တောင်းစားကြရုံပေါ့။ သူတို့တော်လှန်ရေးကြီးက ညယ်(ဗျာ) ၊ ကောလင်းလည်းကုန်တာအေးတာဘဲ၊ သူတို့ကိုဝိုင်းတားကြတဲ့ကြားက ဒီ KIA တွေသူတို့ စခေါ်လာတာ။ ဥက္ကံဘက်မှာစခန်းကြီးတွေနဲ့ အခိုင်အမာနေနေကြတာ အား ကြီးဘဲ(အများကြီး)။ဥက္ကံကို ဖြိုရမှာညယ့်(ဗျာ)။ ဟု ဆိုပါသည်။

       အဆိုပါ ကောလင်းမြို့မှ ထွက်ပြေးလာသော ပြည်သူ နှစ်ဦးမှာ လက်ရှိအချိန်တွင် လုံခြုံသောနေရာတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။

       လက်ရှိ ကောလင်းမြို့မှာ အကြမ်းဖက် PDF များက ဝင်ရောက်စီးနင်းထားပြီး မြို့ပျက်သဖွယ်ဖြစ်နေပါသည်။ ပြည်သူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ၎င်းတို့၏ နေအိမ်များကို အကြမ်းဖက် PDF များက ဖောက်ထွင်း ခိုးယူနေကြသည်။

       ပြီးခဲ့သည့် ရက်ပိုင်းတွင် တပ်မတော် စစ် ကြောင်းများနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များ ကောလင်းသို့  ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရန် ချီတက်ပြီး ကောလင်းမြို့ပြင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရပါသည်။

#PAN