ဆင်ပေါင်ဝဲမြို့နယ် ကြက်မွှေးနှုတ်တဲတိုက်ကျေး ရွာတွင် အဖေဖြစ်သူမရှိသဖြင့် စျေးရောင်းနေသည့် သမီးဖြစ်သူကို PDF များက သတ်ဖြတ်

အောက်တိုဘာ ၃၀

      မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊ဆင်ပေါင်ဝဲမြို့နယ် ၊ကန်ချောင်းကျေးရွာအုပ်စု၊ကြက်မွှေးနှုတ်တဲတိုက်ကျေးရွာတွင် စျေးဆိုင်တစ်ဆိုင်ကို ယနေ့ နံနက်ပိုင်းက စိစစ်ဆဲ အကြမ်းဖက် PDF အဖွဲ့များ ရောက် လာပြီး စျေးရောင်သူ အမျိုးသမီးကို သတ်ဖြတ်ကာ ကိုယ်တွင်ဝတ်ဆင်ထားသော လက်ဝတ်ရတနာများနှင့် ငွေကျပ် ၁၀ သိန်းအား ယူဆောင်သွားကြောင်း သိရသည်။

      ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်ကြက်မွှေးနှုတ်တဲတိုက်ကျေးရွာတွင် နေအိမ်ဈေး ဆိုင်၌ စျေးရောင်းသူ မခင်ယုမော်၊ ၂၁ နှစ်၊ (ဘ) ဦးစိုးသိန်း ကို အကြမ်းဖက်သမား PDF  ၇ ဦးခန့်က လာရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ မခင်ယုမော်တွင် ခေါင်းနှင့် ဝဲရင်ဘတ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

      အဆိုပါ အကြမ်ဖက် PDF အဖွဲ့များသည် မခင်ယုမော်၏ဈေးဆိုင်မှ ငွေကျပ် ၁၀ သိန်းခန့်နှင့် မခင်ယုမော် ၀တ်ဆင်ထားသော ဆွဲကြိုးနှင့် နား ကပ် တို့ကို ယူဆောင်သွားသည်။

     ” ကောင်းမလေးက အသက် ၂၀ ကျော်ဘဲရှိသေးတယ်၊ သူက စျေးရောင်းတယ် ဘယ်အဖွဲ့အစည်းနဲ့မှတော့ မပတ်သက်ဘူး၊ သူအဖေ ဦးစိုးသိန်းက အရင် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူပါ၊ PDF တွေက ဖအေ မတွေ့တော့ သမီးကို သတ်သွားတဲ့ သဘောပါ ”ဟု အဆိုပါရွာခံ တစ်ဦးက PAN ကို ပြောပြလာသည်။

        အဆိုပါ အခင်းဖြစ်ပွားရာသို့ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မခင်ယုမော်၏ ရုပ်အလောင်းအား သယ်ဆောင်ရန်ဆောင်ရွက်နေစဉ် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မခင်ယုမော်၏ ဈေး ဆိုင် မျက်နှာကျက်တွင် အကြမ်းဖက် PDF အဖွဲ့က ထောင်ထားခဲ့သော လက် လုပ်မိုင်းပေါက်ကွဲခဲ့သည်ဟု သိရပါသည်။ ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ခြေကျင်း ၀တ်တွင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါ အကြမ်းဖက်သမား PDF ၇ ဦးထဲတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကန်ချောင်းကျေးရွာအုပ်စု၊ငှက်ပျောကျင်းရွာမှ တင်ထွန်းအောင်၊ ၃၅ နှစ်၊ (ဘ)ဦးမြ ပါ၀င်ကြောင်း အဆိုပါ ရွာမှ မျက် မြင်တွေ့ရှိလိုက်သူ ရွာ သားတစ်ဦးထံမှ သိရပါသည်။

#PAN