“အနောက် အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂီနီနိုင်ငံတွင် နိုင်ငံအတွင်း အာဏာသိမ်းမှု နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြသူများ အကြား ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့ရပြီးနောက် လူသေဆုံး မှုများဖြစ်ပေါ်ခဲ့”

စက်တင်ဘာ ၈

အနောက် အာဖရိက နိုင်ငံဖြစ်သည့် ဂီနီနိုင်ငံတွင် နိုင်ငံအတွင်းအာဏာသိမ်းမှု နှစ်ပတ် လည်အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း သိရပါတယ်။

ဂီနီနိုင်ငံတွင် ၎င်းတို့နိုင်ငံ၏ စစ်တပ် အာဏာသိမ်းမှု ဒုတိယ နှစ်မြောက် နှစ်ပတ်လည် နေ့အဖြစ် ဆန္ဒပြသူတွေနဲ့ နိုင်ငံ၏လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန် ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လူ၄ဦး သေဆုံးခဲ့တယ်လို့ အဆိုပါ ဆန္ဒပြပွဲတွင်ပါဝင်သည့် တက်ကြွ လှုပ်ရှားသူ တွေက ပြောပါတယ်။

နိုင်ငံရေး ပါတီများ၊ အလုပ်သမား သမဂ္ဂများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း များ ၏ မဟာမိတ် အဖွဲ့ ဖြစ်သည့် Forces Vives အဖွဲ့ အစည်းမှ အရပ်ဘက် အုပ်ချုပ်မှုသို့ အမြန် ပြန်သွား လိုသော လူငယ်၄ ဦး သေဆုံးခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ရက် တနင်္လာနေ့က ဂီနီ နိုင်ငံအတွင်း စစ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကျင်းပရန် စီစဉ်ထားသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနေထိုင်ရာ ရပ်ကွက်များအတွင်း သို့ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှင်းလင်း တိုက်ခိုက်စဉ် ဂန်နီ မြို့တော် ကွန်နာခရီ မြို့တွင် နှစ်ဦး သေဆုံးခဲ့ကြောင်း နှင့် အခြားဆယ်ကျော်သက်နှစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၅ရက် အင်္ဂါနေ့တွင် သေဆုံးခဲ့ပြီး အနည်းဆုံး လူ တစ်ဒါဇင်ခန့်ထိ ကျည်ဆန် ဒဏ်ရာများ ရရှိခဲ့ကြောင်း အစိုးရဆန့်ကျင်ရေး Forces Vives မှ ထုတ်ပြန် ပြောကြား ခဲ့ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ဖို့ ပြည်သူတွေကို သတိပေးထားတဲ့ ဂန်နီ စစ်အစိုးရက နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ယခုဖြစ်စဥ်များနှင့် ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာထုတ်ပြန် မပေးခဲ့ပါဘူးလို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။