ကျိုက်ထိုမြို့နယ်တွင် ဒုဗိုလ်မှူးကြီး(ငြိမ်း)နှင့် မိသားစုကို အကြမ်းဖက်သမား PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ထွက်ပြေး

စက်တင်ဘာ ၈

        ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်နေသူ  ဦးအောင်လွင်၊ ၄၈နှစ်၊ (ဘ) ဦးကြည်အောင်၊ ဗမာ/ဗုဒ္ဓ၊ ၁၀/ကထန(နိုင်)၀၈၁၃၀၀၊ ကျိုက်ထိုမြို့နယ် YMBA အဖွဲ့ဝင် သည် ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုး၊ နှင့်အတူ သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့ကို ၎င်းတို့နေအိမ်ရှေ့တွင် သောင်းကျန်းသူအကြမ်း ဖက် PDF (စိစစ်ဆဲ) ၂ ဦးက သေနတ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

         ဖြစ်စဥ်မှာ ဦးအောင်လွင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုး တို့သည် သားဖြစ်သူ မောင်အောင်ငြိမ်းမာန် ကို ကျောင်းကြိုပြီး ၎င်းပိုင်ယာဉ်နှင့်အတူ  နေအိမ်သို့ ပြန်လာစဉ်  သောင်းကျန်းသူအကြမ်း ဖက် PDF (စိစစ်ဆဲ) ၂ ဦးက ဆိုင်ကယ် ၁ စီး (အမျိုးအစား၊ အရောင်၊ နံပါတ်)စိစစ်ဆဲဖြင့် နေအိမ်အရှေ့သို့ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်လွင်တွင် ယာဘက် လက်ခုံဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ၎င်း၏ဇနီးဒေါ်ခင်စန္ဒာစိုးတွင် ယာဘက် ဦးခေါင်းဂျိုစောင်း ဖေါက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားခဲ့ပြီး ၊ ၎င်း၏ သားမောင်အောင်ငြိမ်းမာန်တွင် ယာဘက် မျက်လုံး ဖေါက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ သောင်းကျန်း သူ အကြမ်းဖက် PDF(စိစစ်ဆဲ) ၂ ဦးမှာ ကျိုက်ပိကျေးရွာ ဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သတင်းရရှိပါသည်။

       အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူ ဦးအောင်လွင် မှာ တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူတစ်ဦးဖြစ် သည်။ ဦးအောင်လွင်မှာ ယခင်က စစ်မှုထမ်းဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် သာမန်အရပ်သားတစ်ဦးဖြစ်ပါသည်။ လူသတ်အကြမ်းဖက် PDF များသည် ” ငါနှင်မတူ ငါ့ရန်သူ ” ဟူသော အကြမ်းဖက်ဝါဒဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေခြင်း နိုင်ငံတကာစစ် ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက် တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ဥပဒေကို ချိုးဖောက်နေကြခြင်းဖြစ်သည်။

#PAN