“အိန္ဒိယနိုင်ငံက ၎င်းတို့၏နိုင်ငံအမည်ကို Bharat အမည်အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ရန် စီစဥ်နေ’

စက်တင်ဘာ ၇

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်Narendra Modi ဦးဆောင်သော အိန္ဒိယ အစိုးရက လာမည့် စက်တင်ဘာ ၁၈ ရက်နေ့ မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော ၎င်တို့နိုင်ငံပါလီမန်ကြီး၏ အထူးအစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံကို တရားဝင်အမည်ကို “Bharat” အဖြစ် ပြောင်းလဲရန်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ဆောင်ကျဉ်းနိုင်ဖွယ်ရှိနေကြောင်း အိန္ဒိယ သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။

အိန္ဒိယနိုင်ငံ သည် ကိုလိုနီအမွေကို စွန့်လွှတ်နိုင်ရန် အိန္ဒိယအစိုးရက Bharat ဆိုသော အမည်ကို နိုင်ငံသို့ ပြန်လည်ပေးအပ်ရန် ရည်ရွယ်ထားကြောင်း Economic Times သတင်းဌာန ကလည်းဖော်ပြ ပြောဆိုထား ပါတယ်။

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းတို့နိုင်ငံအတွင်း ရုံးသုံးဘာသာစကား နှစ်မျိုးဖြစ်သည့် အင်္ဂလိပ်နှင့် ဟိန္ဒီဘာသာဟူ၍ရှိပြီး အိန္ဒိယကို ဟိန္ဒီဘာသာဖြင့် Bharat လို့ ခေါ်တွင်သည်လည်းဖြစ်ပါတယ်။

Bharat (Hindi भारत) သည် Mahabharat တွင် ရှေးအိန္ဒိယ ဘုရင်တစ်ပါး၏ သက္ကတဘာသာစကားမှ ဆင်းသက်လာခြင်းလည်းဖြစ်ပါတယ်။

လာမည့် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် အိန္ဒိယနိုင်ငံ လွှတ်တော် အထူးအစည်း အဝေးတွင် ယင်းဆုံးဖြတ်ချက်ကို တင်သွင်းသွားမှာဖြစ်ပြီး အိန္ဒိယနိုင်ငံ သမ္မတ Droupadi Murmu က “Bharat နိုင်ငံ ၏သမ္မတ အမည်ဖြင့်” G20 အစည်းအဝေးပွဲ ကြီးတွင် ပါဝင်သည့်နိုင်ငံများသို့ ညစာစားပွဲ ဖိတ်စာ များပေးပို့ထား ပြီးလည်းဖြစ်ပါတယ်။