“နိုင်ငံအတွင်း လက်နက်ကိုင် အကြမ်းဖက်မှုများ ပြင်းထန်စွာဖြစ်ပွားနေသည့် ဟေတီနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် ၈၀၀နီးပါထိ ရာထူးမှ နုတ်ထွက်ခဲ့”

စက်တင်ဘာ ၄

ဟေတီနိုင်ငံ၏ ရဲတပ်ဖွဲ့အင်အားသည် ယခုနှစ် ပထမခြောက်လအတွင်း အရာရှိ ၈၀၀ နီးပါးထိ ရဲတပ်ဖွဲ့ဝင် အဖြစ်မှ ထွက်ခွာခဲ့ကြပြီး နိုင်ငံအတွင်း အကြမ်းဖက်မှုအသစ်များ တိုးမြင့်လာချိန်တွင် ဟေတီနိုင်ငံသား ထောင်ပေါင်းများစွာကို ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ကြရပြီး နိုင်ငံအတွင်း စိုးရိမ်မှုများ မြင့်တတ်မှုဖြစ်ပေါ်စေခဲ့ရပါတယ်။

အဆိုပါ အရေအတွက်သည် ယခင်က တစ်နှစ်လျှင် ရဲတပ်ဖွဲ့ဝင် ၄၀၀ ခန့် ပျမ်းမျှ လုပ်ကြံခံရမှုနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲက ပြီးခဲ့သည့် စက်တင်ဘာ ၂ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ အဆိုအရ ဟေတီနိုင်ငံ ၏ ရုန်းကန်နေရသော ရဲတပ်ဖွဲ့ဝင်များသည် ယခုနှစ် ပထမခြောက်လအတွင်း အရာရှိ ၇၇၄ ဦး ထိဆုံးရှုံးခဲ့ရပြီး အဆိုပါ အရေအတွက်သည် ယခင်က တစ်နှစ်လျှင် ရဲတပ်ဖွဲ့ဝင် ၄၀၀ ခန့် ပျမ်းမျှ ဖျက်ဆီးခံရမှုနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုထားပါတယ်။

ရာထူးမှ နုတ်ထွက်ခြင်းနှင့် ရာထူးမှ ထုတ်ပယ်ခြင်း၊ အငြိမ်းစားယူခြင်းနှင့် တာဝန်ဝတ္တရားချိန် များတွင် သေဆုံးရ ခြင်းများကို အဓိက အကြောင်းရင်း အဖြစ်ကြောင်းလည်း ကုလသမ္မဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။