“တရုတ်နိုင်ငံ၏ အထူး အုပ်ချုပ်ရေး ဒေသဖြစ် သည့် ဟောင်ကောင် တွင် အလွန်အားကောင်း သော စူပါတိုင်ဖွန်းမုန်တိုင်း Saola ဝင်ရောက် တိုက်ခတ်ခဲ့”

စက်တင်ဘာ ၂

အလွန်အားကောင်းသော စူပါတိုင်ဖွန်း မုန်တိုင်း Saola သည် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ် နေသည့်အတွက် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသဖြစ်သည့်ဟောင်ကောင်တွင် ခရီးသည် လေယာဉ်ပျံ သန်းမှုများကို ရပ်နားထားရပြီး ၎င်းဒေသ၏ စတော့ရှယ်ယာ ဈေးကွက် များကို ပိတ်ထားရကာ ကျောင်းများ ကိုလည်း ပိတ်ထားကြောင်း သတင်းဌာနများ ကဖော်ပြ ပြော ဆ်ိုထားကြပါတယ်

အဆိုပါ တိုင်ဖွန်း Saola သည် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ရေးဒေသ ဟောင်ကောင်တွင် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုအဖြစ် ယနေ့ စနေနေ့က တရုတ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ဝင် ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဟောင်ကောင်ဒေသ ၏ မိုးလေဝသစောင့် ကြည့်ရေးဌာနကလည်း ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံတောင်ပိုင်းကို ဝင်ရောက် တိုက်ခတ်မည့် အပြင်းထန်ဆုံး မုန်တိုင်းဖြစ်လာ မည့် စူပါတိုင်ဖွန်း Saola နှင့်ပတ်သက်၍ ၎င်း၏ဒုတိယ အမြင့်ဆုံးသတိပေးချက်များကို ထုတ်ပြန်ကြေညာထားပြီးလည်းဖြစ်ပါတယ်။

ဟောင်ကောင်စောင့်ကြည့်လေ့လာရေးဌာနက အများပြည်သူများ အပြင်မထွက်ကြရန်နှင့် တံခါးများ၊ ပြတင်းပေါက်များနှင့် ဝေးဝေးနေ ကြရန်နှင့် ဘေးကင်းသော အမိုးအကာ များ ရှာဖွေနေထိုင်ကြရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁ရက်နေ့ သောကြာနေ့တွင် တောင်းဆိုထား ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆို ထားပါတယ်။