လူသစ်စုသည့် MNDAA ကိုးကန့်တပ်ဖွဲ့မှ တံခါးဖွင့်ခိုင်းရာ ဖွင့်မပေးသဖြင့် သေနတ်ဖြင့်ပစ်ရာ တစ်ဦးဗသ တစ်ဦးဒဏ်ရာရ

ဩဂုတ် ၃၁

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရန်တာမိုးရပ်ကွက် (၂)ရှိ နေအိမ် ၁ အိမ်ကို MNDAA ကိုးကန့်တပ်ဖွဲ့မှ ဩဂုတ် ၃၀ ရက်နေ့ ၊ ည ၁၀ နာရီအချိန်ခန့်တွင် လူသစ်စုဆောင်းရန် တံခါးဖွင့်ခိုင်းခြင်းကို ဖွင့်မပေးသဖြင့် သေနတ်ဖြင့်ပစ်ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်းသိရပါသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင်၏ သားဖြစ်သူ လောက်ဒေါ်(ခ)ပေါက်ယုံဖူ ကျည်ထိမှန်သေဆုံပြီး ၎င်း၏ညီဖြစ်သူ(အမည်မသိ)သည်လည်း လက်၌ဒဏ်ရာရရှိကြောင်းသိရပါသည်။

MNDDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ရှမ်းမြောက်ဒေသတွင် မကြာခဏလူသစ်စုဆောင်းခြင်း ဆက်ကြေးကောက်ခံခြင်းများရှိကြောင်း သိရသည်။

#PAN