ကစားသမားဘဝမှ ဟာဇက် အနားယူဖွယ်ရှိနေ

ဩဂုတ် ၃၁
ဘယ်လ်ဂျီယံတိုက်စစ်မှူး အီဒင်ဟာဇက်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ကစားသမားဘဝကနေ အနားယူဖွယ်ရှိကြောင်း အားကစားမီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဟာဇက်ဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာ ချဲလ်ဆီးကနေ ရီးရဲလ် အသင်းဆီ ယူရို သန်း ၁၀၀ ဝန်းကျင်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးပွဲ ခြောက်ပွဲသာ ကစားခဲ့ရပြီး ရီးရဲလ်ကစားသမားဘဝ လေးရာသီအတွင်း ဒဏ်ရာပြဿနာများကြောင့် ပြိုင်ပွဲစုံ ၇၆ ပွဲသာကစားခဲ့ရကာ စုစုပေါင်း ခုနစ်ဂိုးသာ သွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ လက်ရွေးစင်အသင်းကနေ အနားယူထားခဲ့တဲ့ ဟာဇက်ဟာ ရီးရဲလ်အသင်းနဲ့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့သလို ကစားသမားဘဝကနေ အနားယူဖို့အထိပါ စဉ်းစားနေပါတယ်။