“ဒိန်းမတ်နိုင်ငံအတွင်းရှိ ပြင်သစ် ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းတွင် မွတ်ဆလင်ဘာသာ ဟီဂျပ် ဝတ်ဆင်မှုနှင့် ပတ်သတ်ပြီး လူငယ်ကျောင်းသား ၁ဦးအားခွဲခြား ဆက်ဆံခံခဲ့ရပြီးနောက် နိုင်ငံအတွင်းရှိ မွတ်ဆလင် အသိုင်းအဝိုင်းများ က ရှုတ်ချ ဆန္ဒပြမှုများ ပြုလုပ်ခဲ့”

သြဂုတ် ၃၀

ဒိန်းမတ်နိုင်ငံအတွင်းရှိ ပြင်သစ်စာသင်ကျောင်းတစ်ခုတွင် မွတ်စလင်ဘာသာ ဟီဂျဘ် ဝတ်ဆင်မှုကို ပိတ်ပင်မှုများကြောင့် မွတ်စလင်ဘာသာဝင်များ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံရှိ ပြင်သစ် ပုဂ္ဂလိက စာသင် ကျောင်းတစ်ကျောင်းသည် ဟီဂျပ် ဝတ်ဆင်မှု နှင့် ပတ်သက်ပြီး အဆိုပါ ကျောင်းအတွင်းရှိ မွတ်စလင် လူငယ်ကျောင်းသား ၁ဦးကို ခွဲခြားဆက်ဆံခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် ဆန္ဒပြ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရ တာဖြစ်ပါတယ်။

ယင်းအငြင်းပွားမှုသည် ဥရောပတစ်ခွင်တွင် ပျံ့နှံ့နေသော မွတ်စလင် ဆန့်ကျင်ရေး ဥပဒေအမျိုးအစားများသည် မကြာမီကာလအတွင်း ကျယ်ပြန့်သော လူ့အဖွဲ့အစည်း တွင် ဟီဂျဘ် ကို ပစ်မှတ်ထားလာမည်ကို စိုးရိမ်ရသောကြောင့် ဒိန်းမတ်နိုင်ငံအတွင်းရှိ မွတ်စလင် ဘာသာ အသိုင်းအဝိုင်းတစ်ဝှမ်းများက ရှုတ်ချ ဆန္ဒပြ မှုများ ကိုပြီးခဲ့သည့် သြဂုတ်လ ၂၉ရက်နေ့ကပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။