မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်လို့ ယာဉ်ကြီး-ယာဉ်ငယ်များ ယခင်အတိုင်း ဖြတ်သန်းသွားလာနိုင်

သြဂုတ် ၂၅

       ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် တောနော်ရေတံခွန်အနီး မြေပြိုကျခဲ့သည့်နေရာ၌ ဘေလီတံတားခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ လမ်းပိုင်ပြန်လည်ဖွင့်လှစ်ပြီဖြစ်​ပါသည်။

       အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ယနေ့ ဩဂုတ် ၂၅ ရက်နေ့မှစတင်ကာ ဖွင့်လစ်လိုက်ခြင်းဖြစ်ပြီး ယခင်အတိုင်း ယာဉ်ကြီး ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါ သည်။

       ပြီးခဲ့သည့် ဩဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ်သွား အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီး၌ မြေပြိုကျမှုဖြစ်ပွားပြီးနောက် ဩဂုတ် ၁၀ ရက်တွင် မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်စေရန် ဘေလီတံတားတည်ဆောက်ရေး လုပ် ငန်းစတင်ခဲ့ပြီး ၁၉ ရက်အကြာ ယနေ့ ဩဂုတ် ၂၅ တွင် တည်ဆောက်မှုလုပ်ငန်းပြီးစီးပြီဖြစ်၍ လမ်းပိုင်းပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရပါသည်။

#PAN