“ကမ္ဘာ့ ဆန်တင်ပို့မှု ကုန်သွယ်ရေး၏ အကြီးမားဆုံး နိုင်ငံဖြစ်သည့် အိန္ဒိယ နိုင်ငံသည် စားသောက်ကုန်စျေးနှုန်းများ မြင့်တတ်လာချိန်တွင် ၎င်းတို့နိုင်ငံ၏ ဆန် တင်ပို့မှုများကို ကန့်သတ်မှုများ ပိုမိုလုပ်ဆောင် သွားဖွယ်ရှိနေ”

သြဂုတ် ၂၃

ကမ္ဘာ့ဆန်တင်ပို့မှုကုန်သွယ်ရေး၏ အကြီးမား ဆုံးသော နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရချိန်တွင် ၎င်း၏ စပါးတင်ပို့မှုအပေါ် ကန့်သတ်မှုများ ပိုမိုလုပ်ဆောင်ရန် စဉ်းစား နေပြီး ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့ထောက်ပံ့မှု ပိုမိုတင်းကျပ်လာဖွယ်ရှိနေပါတယ်။

ဆန်တင်ပို့မှုအပေါ် အခွန်စည်းကြပ်ရန် အိန္ဒိယ အစိုးရက စဉ်းစားနေကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သူများထံမှ သိရပါတယ်။

အိန္ဒိယနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့နေသည့် ပို့ကုန်အချို့ကို ပိတ်ပင်လိုက်ကြောင်း ကြေညာပြီးနောက် ယခုလအတွင်း အာရှရှိ ဆန်စျေးနှုန်းများသည် ယခုလအတွင်း အမြင့်ဆုံးနှုန်းထားများသို့ မြင့်တက် လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ် Narendra Modi ၏ အစိုးရသည် လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်တွင်း စားနပ်ရိက္ခာဈေးနှုန်းများ စျေးနှုန်းတည်ငြိမ် အေးခဲစေရန် ကြိုးပမ်းမှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး ၎င်းတို့နိုင်ငံအတွင်း ကြက်သွန်နီ ကုန်ကျစရိတ် မြင့်တက်လာမှုကို ပစ်မှတ်ထား လာပြီ လည်းဖြစ်ပါတယ်။

မကြာသေးမီက အိန္ဒိယသည် ပြည်တွင်း စားသုံးကုန်စျေးနှုန်း ထောက်ပံ့မှု တိုးတက်လာ စေရန်အတွက် ကြက်သွန်နီအပေါ် ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်း ချမှတ်ခဲ့ပြီး အဆိုပါ ပို့ကုန်ခွန် ချမှတ်ခဲ့သည့် အပေါ် သတင်းဌာနများက မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။

အိန္ဒိယသည် ဆန်ကွဲ၊ ဆန်ဖြူတင်ပို့မှု၊ ဂျုံနှင့်သကြားတင်ပို့မှုများကို တားမြစ်ထားပြီး သီးနှံအချို့ သိုလှောင်မှုများကိုပါ ကန့်သတ်ထားလိုက်ပြီဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံ၏ အဓိက စပါး စိုက်ပျိုး သည့်ပြည်နယ်များတွင် မကြားသေးမှီအချိန်က မိုးရွာသွန်းမှုမှာ ယခုရာသီတွင် ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းထိ လျော့နည်းနေပြီး ပြည်တွင်း ထောက်ပံ့မှုအပေါ် စိုးရိမ်မှုများ တိုးလာနေတာလည်းဖြစ်ပါတယ်။

ထို့နောက် ဆန် စိုက်ပျိုးရေးသည် မိုးရာသီတွင် စိုက်ပျိုးသည့် နိုင်ငံ၏ အကြီးမားဆုံး အစားအစာ သီးနှံလည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ပြီးခဲ့သည့် သြဂုတ်လ ၂၂ရက်နေ့က ဖော်ပြပြောဆိုထားကြပါတယ်။