ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၀/၂ နှင့် ၆၀/၃ ကြားတွင် မော်တော်ယာဥ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ  သစ်ပင်အားဝင်တိုက်

ဩဂုတ် ၂၁

       ယမန်နေ့ နံနက် ၆ နာရီ ၅၈ မိနစ်အချိန်ခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၀/၂ နှင့် ၆၀/၃ ကြားတွင်  PARTNER အဖြူရောင်ယာဥ် ၁ စီးသည် မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ  သစ်ပင်အားဝင်ရောက်၍ တိုက်မိခဲ့ကြောင်း သိရသည်။

       သတင်းအရ ဒိုက်ဦးမြို့နယ် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး ကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ  ယာဉ်ပေါ်ပါရှိသူ ၈ ဦးအနက်မှ ကျား ၁ ဦး နှင့် မ ၂ ဦး တို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သူနာပြုယာဥ်များဖြင့် ကျောက်တံခါးမြို့နယ်အပိုင် မြို့ချောင်းအမြန်လမ်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN