
(မှုခင်း) သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့ည ၁၀နါရီ အချိန်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စိုင်းဟန်လှိုင်း မောင်းနှင်လာသည့် SUZUKI ERTIGA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အက်တက်စီဆေးပြား ၁,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀)၊ ကက်တမင်း အလေးချိန် ၂.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၅၀၀)၊ Happy Water အလေးချိန် ၅.၇၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၄၅၀)၊ Happy Water ပါရှိသည့် Vape ခေါင်း ၂၅၀ ခု(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိတရားခံ စိုင်းဟန်လှိုင်း(၃၁)နှစ်အား ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။