ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား လုံခြုံရေးကင်းစခန်းကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drop Bomb များ၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ဩဂုတ် ၂၁

       ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မွန်ပြည် နယ်၊ ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား လုံခြုံ ရေးကင်းစခန်းကို အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က Drop Bomb ၆ လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး ၄၀ မမ ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

       ထိုသို့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့များ ထိခိုက်မှုမရှိသော်လည်း ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးပေါ်တွင် သွားလာနေသော ယာဥ်များ ခေတ္တရပ်တန့်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

         အဆိုပါ တံတားသည် ဇွန်လ ၂၉ ရက်နေ့က အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပြိုပျက်သွားသော တံတားဖက်အခြမ်းကို ဘေလီတံတားဖြင့် အစားထိုး ပြန်လည် ပြင်ဆင်တည်ဆောက်ရေးများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြီးစီးခဲ့သည်။

        အကြမ်းဖက်သောင်းကျန်းသူ  KNU တပ်မ ဟာ (၁) နှင့်PDF ပူးပေါင်းအဖွဲ့များသည် အဆိုပါ ကျုံအိတ်တံတား ပြုပြင်တည်ဆောက်ရေးလုပ် ဆောင်နေစဥ်ကာလအတွင်း Drone များအသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းကို အကြိမ်များစွာ လုပ် ဆောင်ခဲ့ကြောင်း၊ ထိုသို့ Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

#PAN