ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် နယ်မြေခံလုံခြုံ ရေးအဖွဲ့များက နယ်မြေအတွင်း အသေးစိတ်ရှင်း လင်းခဲ့ရာ PDF အကြမ်းဖက်သမားများ သိမ်း ဆည်းထားသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ

ဩဂုတ် ၂၀

        ယနေ့ နံနက် ၅ နာရီချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် နယ်မြေခံလုံခြုံရေးအဖွဲ့များက တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုအရ နယ်မြေအတွင်း အသေးစိတ်ရှင်းလင်းခဲ့ရာ  ကျောင်းသား /သူများ ပညာသင်ကြားရာတွင် အသုံးပြုသည့် အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းဆောင်များ၌ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရန် သိမ်းဆည်းထားသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

     အဆိုပါ သိမ်းဆည်းရမိသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ လက်လုပ်သေ နတ် (အရှည်) ၈ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၈ စုံ၊ ဝါယာကြိုး(နီ/နက်) ၁ ခွေ၊ ရီမု ၄ ခု၊ Wish အမျိုးအစား လိုင်စင်မဲ့ကား ၁ စီး တို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

        စစ်ကိုင်တိုင်းဒေသကြီးအတွင်း ပြည်သူအများစုသည် အကြမ်းဖက်သမား PDF များကို စိတ်ကုန်လာကြပြီး ၎င်းတို့၏ သတင်းများကို နယ်မြေခံလုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်သတင်း ပေးပို့မှုများ ဆက်တိုက်ဆိုသလို ဆောင်ရွက်လာကြကြောင်း သိရပါသည်။

#PAN