မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်းရှိ ရွှေမှော်များတွင် တရားမဝင် ရွှေထုတ်နေသော လုပ်ငန်းရှင်များထံမှ အကြမ်းဖက်သောင်းကျန်း သူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က တစ်နှစ် ဆက်ကြေးကောက်ခံ၊၎င်းငွေများဖြင့် အကြမ်းလုပ်ရပ်များ သက်ဆိုးရှည်

သြဂုတ် ၁၄

        ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊မလှိုင်ကုန်းကျေးရွာအုပ်စု၊ အင်လှော်ကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ ကျောက်ချောင်းရွှေမှော်သို့ အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်း အင်အား ၅၀ ခန့်ရောက်ရှိလာကြောင်း၊ ထိုသို့ လာရောက်ခြင်းမှာ တရားမ ဝင်ရွှေထုတ်လုပ်နေသည့် ကျောက်ချောင်းရွှေမှော်လုပ်ကွက်ကို တစ်နှစ်စာတက်ကြေး ကျပ်သိန်းငါးထောင်တောင်းခဲ့ကြောင်း သိရသည်။

       ထိုသို့ တရားမဝင်ရွှေလုပ်ကွက် လုပ်ငန်းရှင်များအနေဖြင့် ကျပ်သိန်းငါးထောင် အစား ကျပ်သိန်းသုံးထောင်ဖြင့် ညှိနှိုင်းခဲ့ကြောင်း သိရပါသည်။

      အလားတူ မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာ၏ အနောက်ဘက် ၃မိုင်ခန့်အကွာ နဂါးပွက်အင်းတရားမဝင်ရွှေလုပ်ကွက်ကို အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က တစ်နှစ်စာ ဆက်ကြေး ကျပ် သိန်းခြောက်ထောင်တောင်း ခံခဲ့ရာ ရွှေလုပ်ကွက် လုပ်ငန်းရှင်များက သိန်းသုံးထောင်ဖြင့် ညှိနှိုင်းနိုင်ခဲ့ကြောင်း၊ ငွေများရရှိပြီးပါက ၄င်း အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အနေဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

      အဆိုပါ တရားမဝင် ရွှေထုတ်လုပ်နေသည့် လုပ် ကွက်များသည် နိုင်ငံတော်အတွက် မည့်သည့်အခွန်အခမျှ မရရှိကြောင်း၊ ၎င်းနေရာတွင် ဥပဒေစိုးမိုးမှုမရှိဘဲ အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF များကသာလွှမ်းမိုးထားကြောင်း၊ ရွှေမှော်များတွင် ရွှေများကို စနစ်တကျ ထုတ်လုပ်မှုမရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို လွန်စွာထိခိုက်ကြောင်း၊ အထူးသဖြင့် KIA နှင့် PDF တို့ကို ဆက်ကြေးငွေ အမြောက်အများ နှစ်စဥ်ပေးနေရသည့်အတွက် လက်နက်ခဲယမ်းများ ဝယ်ယူရန်အထောက်အပံ့ရနေကြောင်း၊ ထိုအထောက်အပံများကြောင့် နိုင်ငံတော်ကို ဆန့်ကျင်ပုန်ကန်ပြီး အကြမ်းဖက်လုပ်ရပ်များ သက်ဆိုးရှည်နေကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN