“ဂရိနိုင်ငံတွင် နာဇီ လက်သစ် ဝါဒလူငယ်များ နှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား အထိကရုန်းများ ဖြစ်ပွားခဲ့”

သြဂုတ် ၁၃

အသက် ၂၂ နှစ်အရွယ်ရှိ ဂရိနိုင်ငံ အသင်း၏ ဘောလုံးပရိသတ် “Mihalis” သည် ပြီးခဲ့သည့် တနင်္လာနေ့ညက အေသင်မြို့ အခြေစိုက် AEK နှင့် ခရိုအေးရှားမှ Dinamo Zagreb ဘောလုံးပွဲအပြီး ဓားဖြင့်ထိုးသတ်ခံခဲ့ရပါတယ်။

Dynamo Zagreb Hooligans အမည်ရှိ ဂိုဏ်း ကြီးသည် ဂရိဘောလုံး ပရိသတ်များ နှင့် ဂရိနိုင်ငံ ဒေသတွင်းရှိ အများပိုင် မော်တော်ကားများနှင့် အသေး စားစီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်မှုများ ကိုရည်ရွယ်ချက်ရှိရှိ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဂရိနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။

အဆိုပါ Dynamo Zagreb Hooligans အဖွဲ့သည် နာဇီလက်သစ်ဝါဒကြောင့် လူသိများပြီး အထက်ပါ ဗီဒီယိုတွင် ပြထားသည့်အတိုင်း နာဇီများကို အလေးပြုကာ လမ်းပေါ်ထွက်၍ ချီတက်နေကြတာ လည်းဖြစ်ပါတယ်။

ဂရိနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ခရိုအေးရှားလူမျိုး ၉၄ ဦးကို ယခုအချိန်အထိ ဖမ်းဆီးထားရပြီး ၎င်းတို့ကို ရာဇ၀တ်မှုဆိုင်ရာနှင့် ပတ်သက်သည့် အခြားစွဲချက်များစွာဖြင့် တရားစွဲဆို ထားရပါတယ်။

ယူကရိန်းနိုင်ငံ အသင်း ဘောလုံးပရိသတ်တွေနဲ့ လက်ရွေးစင်အချို့က သူတို့ရဲ့ နာဇီ ဝါဒ ခရိုအေးရှား ဘောလုံးပရိတ်သတ် စိတ်တူသူငယ်ချင်းတွေကို ထောင်ကလွတ်ပေးဖို့ တောင်းဆိုနေကြပါပြီလို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။