ပစိဖိတ်ပင်လယ်ရေပြင်တွင် တရုတ်-ရုရှား နှစ်နိုင်ငံ ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့် မှုများအတွင်း ရန်သူ၏ လေကြောင်း တိုက်ခိုက် မှုများကို ချေမှုန်းရေးလေ့ကျင့်မှုများ အောင်မြင် စွာ လေ့ကျင့် နိုင်ခဲ့ကြကြောင်း ရုရှား ပစ်ိဖိတ် ရေတပ်အုပ်စုမှ သတင်း ထုန်ပြန် ကြေညာခဲ့”

သြဂုတ် ၁၁

ပစိဖိတ်ရေပြင်တွင် ပူးတွဲ ရေတပ် ကင်းလှည့်မှုအတွင်း ရုရှားနှင့် တရုတ် တိုက်ခိုက်ရေးသင်္ဘောများသည် ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုကို ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားပစိဖိတ်ရေတပ်၏ သတင်းထုတ် ပြန်ရေးရုံးက ပြီးခဲ့သည့် ကြာသပတေးနေ့တွင် သတင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“နှစ်နိုင်ငံ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှုများအတွင်း၊ ရုရှားရေတပ်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်တို့မှ ရေတပ်သင်္ဘောများသည် အမြင့်ပေနှင့် လမ်းကြောင်းအမျိုးမျိုးမှ ရန်သူ ၏လေကြောင်းတိုက်ခိုက်မှုများကို တွန်းလှန် တိုက်ခိုက် ခြင်းဆိုင်ရာ algorithms များကို ကျင့်သုံးခဲ့ကြတယ်” လို့ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား တာလည်းဖြစ်ပါတယ်။

ပစိဖိတ်ရေတပ်၏ ရုရှားနိုင်ငံ ရေတပ် လေကြောင်း တိုကခိုက်ရေး လေယာဥ်များနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တိုက်လေယာဉ်များ၏ Il-38အမျိုးအစား ရေငုပ် သင်္ဘောဆန့်ကျင်ရေး စစ်ဆင် ရေးလေယာဉ်များသည် ပူးတွဲ ရေတပ် ကင်းလှည့်မှု အဆင့်အမျိုးမျိုးတွင် တိုက်ခိုက်ရေး သင်္ဘောများ နှင့် နှစ်နိုင်ငံ သင်္ဘောသားများ နီးကပ်စွာ အပြန်အလှန် လည်ပတ်ခဲ့ကြကြောင်းလည်း ဖော်ပြ ပြောဆိုထားပြီး ရုရှား နှင့် တရုတ် စစ်သင်္ဘောများ၏ သင်္ဘောသားများသည် ရန်သူ၏ ရေငုပ်သင်္ဘောများကို ခြေရာခံ ရှာဖွေခြင်းနှင့် ပင်လယ်ပြင်တွင် ပူးတွဲ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း စွမ်းဆာင်ရည်များ ကိုလည်း မြှင့်တင်ခဲ့ကြကြောင်း သိရပါတယ်။

“ပစိဖိတ်ရေတပ်၏ ရုရှားရေတပ်လေကြောင်း၏ ကုန်းပတ်အခြေစိုက် Ka-27 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ် တိုက်ခိုက် ရေးသင်္ဘောများပေါ်၌ ဆင်းသက်ခြင်းများကို လုပ်ဆောင်ခဲ့ကြပါတယ်။ တစ်ဖန် တရုတ် ရဟတ်ယာဉ်များသည် ရုရှား စစ်သင်္ဘောများ ပေါ်တွင် ဆင်းသက်မှုများပြုလုပ် ခဲ့ ကြပါတယ်”လို့ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါတယ်။