လောင်းလုံးမြို့နယ်တွင် ထားဝယ်မြို့ဘက်မှ​လောင်းလုံးမြို့ဘက်သို့​ မောင်းနှင်လာ​သော မော်တော်ယာဥ်ကို အကြမ်းဖက်သမား PDF များက ပစ်ခတ်ရာ အင်း​ဇောက်​ကျေးရွာ ဘိလိယက်ခုံအတွင်းရှိ​နေ​သော အပြစ်မဲ့ပြည်သူတစ်ဦးကို ထိမှန်သေဆုံး

သြဂုတ် ၇

        တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်​၊လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့၏​မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်း​ဇောက်​ကျေးရွာတွင် လူ သတ်အကြမ်းဖက် PDF ၂၀ ဦးခန့်သည် ယမန် နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်​ခန့်တွင် ထားဝယ်မြို့ဘက်မှ​လောင်းလုံးမြို့ဘက်သို့​ မောင်းနှင်လာ​သောဒိုင်နာအမျိုးအစား အဖြူ​ရောင်​မော်​တော်ယာဥ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့​ရာ မော်တော်ယာဥ်အား မထိမှန်ဘဲ အင်း​ဇောက်​ကျေးရွာ၊ ဘိလိယက်ခုံအတွင်းရှိ​နေ​သော ဦးမျိုး​​ဇော်လတ်၊ မြခါးပတ်​ကျေးရွာနေသူကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

        အဆိုပါ ဦးမျိုး​​ဇော်လတ်တွင် ဘယ်နံ​စောင်းကျည်​ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာနို့အုံကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ​မေး​စေ့ကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်​နေရာတွင်​သေဆုံးသွား​ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲများမှာ အင်း​ဇောက်​ကျေးရွာမှ​ ဝေဒီ​ကျေးရွာဘက်သို့ လမ်း​လျှောက်၍ ပြန်လည်ထွက်ခွာသွား​ကြောင်း၊ သေဆုံးသူ၏အ​လောင်းကို ထားဝယ်မြို၊ ဇဗ္ဗူသီရိလူမှု့ကူညီ​ရေးအသင်း​ မော်​တော်ယာဥ်ဖြင့် ထားဝယ်​ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN