“နိီပေါနိုင်ငံ ဝန်ကြီးချုပ်က အိမ်နီးချင်း နိုင်ငံများနှင့် ၎င်းတို့နိုင်ငံတို့ ဆက်ဆံရေးများ ဟန်ချက်ညီမှုများရှိစေရန် အပါအဝင် ဟိမဝန္တာကို ဖြတ်ကျော်ပြီး တရုတ်-နီပေါ နှစ်နိုင်ငံ မီးရထား လမ်းဖောက်လုပ်ရေး လုပ်ငန်းစဥ်များအတွက် တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဥ် အဖြစ်သွား ရောက်ဖွယ်ရှိနေ”

သြဂုတ် ၇

အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဆက်ဆံရေးမှာ ဟန်ချက်ညီမှုများရှိ ဖို့ နီပေါနိုင်ငံ ဝန်ကြီးချုပ်က တရုတ်နိုင်ငံကို သွားရောက် လည်ပတ်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နီပေါနိုင််ံ ဝန်ကြီးချုပ် Pushpa Kumar Dahal ‘Prachanda’ က နိုင်ငံခြားဆက်ဆံရေးသည် “အယူဝါဒများနှင့် စိတ်ပိုင်းဆိုင်ရာအခြေခံမှုများ” ပေါ်တွင် အခြေမခံသင့်ဘဲ “နိုင်ငံတော် ဂုဏ်သိက္ခာမြှင့်တင်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို အားကောင်း လာစေရန်နှင့် အမျိုးသားအကျိုးစီးပွားနှင့် နှစ်ဦးနှစ်ဖက်အကျိုးအမြတ်များမှ လမ်းညွှန်မှု” များ ပေါ်တွင်သာ အာရုံစိုက်သင့်ကြောင်း မကြာသေးမှီအချိန်က အလေးပေး ပြောကြားခဲ့ပြီး နီပေါနှင့် တရုတ်နိုင်ငံတို့သည် Kerung မှ ခတ္တမန္ဒူသို့ ဟိမဝန္တာကို ဖြတ်ကျော် မီးရထားလမ်း ဖောက်လုပ်ရေး ဖြစ်နိုင်သည့်အခြေအနေများကို လေ့လာမှုများကို အဆိုပါ ခရီးစဥ်တွင် ပြုလုပ်သွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

နီပေါဝန်ကြီးချုပ် Pushpa Kamal Dahal ‘Prachanda’ သည် လာမည့် စက်တင်ဘာလကုန်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နီပေါ နိုင်ငံခြားရေးဝန်ကြီး N P Saud က ပြီးခဲ့သည့် သြဂုတ်လ ၆ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့တာဖြစ်ပြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံမှု ဟန်ချက်ညီစေရန် ရည်ရွယ်သည့် ခရီးစဉ်လည်းဖြစ်ပါတယ်။

နီပေါနိုင်ငံ ဝန်ကြီးချုပ်က ယမန်နှစ် ဒီဇင်ဘာလတွင် နိုင်ငံတာဝန်ကို စတင်တာဝန်ယူခဲ့ပြီးနောက် ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်လည်းဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။