စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး မီးရထားလမ်းဖောက်ခွဲဖျက်ဆီးရန် ပြုလုပ်နေသည့် လူသတ်အကြမ်းဖက် PDF များကို ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်း

သြဂုတ် ၇

         ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေး ရွာအနီး လူသတ်အကြမ်းဖက် PDF များက မီးရထား လမ်းဖောက်ခွဲဖျက်ဆီးရန် ပြုလုပ်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်းစဥ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

        ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ လူသတ်အကြမ်း ဖက် PDF ၄ ဦးကို လက်လုပ် ၄၀ မမသေနတ် ၁ လက်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂ လုံး၊ ၇.၆၂ မမကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ သံပိုက် လုံး ၂၁ လုံး၊ ကန့်မှုန့် ၂ ပိဿာ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ NLD အလံ ၁ ထည်တို့နှင့်အတူအသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ အကြမ်းဖက်သမား PDF များသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက် သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကောင်းမွန်ရေးတို့အတွက် မီးရထားပြေးဆွဲနေမှုကို ထိခိုက်ပျက်စီးစေရန် အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် ရထားလမ်းများ မိုင်းထောင်ဖောက်ခွဲခြင်း၊ သံလမ်းများဖြုတ်ခိုးခြင်း၊ ရထားတိမ်းမှောက်စေရန် မူလီ/နတ်များ ဖြုတ်ခိုးခြင်း၊ ဇလီဖားတုံးများဖြုတ်ခြင်း စသည်တို့အား လူစိတ်ကင်းမဲ့စွာ လုပ်ဆောင်မှုအပေါ် မနှစ်မြို့သော ဒေသခံပြည်သူများက ယခုလို သတင်းပေးပို့လာခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN