“အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ ၏ပြောရေးဆိုခွင့်ရှိသူက ရုရှား-ယူကရိန်း စစ်ပွဲများ အတွင်း မြောက်ကိုရီးယားနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား လက်နက်ထောက်ပံ့ရေး သဘော တူညီချက်များသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အများ အပြားကို ချိုးဖောက်နေ ကြောင်းပြောကြားခဲ့”

သြဂုတ် ၄

ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲအတွင်း လျော့နည်းလာနေသော ခဲယမ်း များ သိုလှောင်ထားရှိမှုများကို ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် မြောက်ကိုရီးယားထံမှ ခဲယမ်းမီးကျောက်များ ထပ်မံဝယ်ယူသွားနိုင်ရန် ကြိုးပမ်း နေကြပါတယ်လို့ ပြီးခဲ့သည့် ကြာသပတေးနေ့က သတင်းဌာနများမှဖော်ပြပြောဆိုထားကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား လက်နက်ထောက်ပံ့ရေး သဘောတူညီချက်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အများအပြားကို ချိုးဖောက်ရာရောက်ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် သူက U.S. နိုင်ငံသည် မြောက်ကိုရီးယားထံမှ ခဲယမ်းမီးကျောက်များ ရယူရန် ရုရှားနိုင်ငံက ကြိုးပမ်းကို “ဒါဟာ [ရုရှားသမ္မတ ဗလာဒီမာ] ပူတင်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ၎င်းတို့နိုင်ငံ၏ပို့ကုန် ထိန်းချုပ်ခံရမှုတွေကြောင့် သူ့ရဲ့စစ်ရေးများကို ထိခိုက်နေတာကြောင့် စိတ်ဓာတ်ကျနေတဲ့ နောက်ထပ်ဥပမာတစ်ခုပါ” လို့ Kirby က ပြောကြားခဲ့ပါတယ်။

ထို့နောက် ရုရှားသတင်းဌာနများက အနောက် မဟာမိတ်နိုင်ငံများက ယူကရိန်းနိုင်ငံအတွက် လက်နက်ခဲယမ်းတွေကို မဆုတ်မနစ် ရှာဖွေနေကြရပြီး ရုရှားနိုင်ငံကတော့ လက်နက်ခဲယမ်းကျည်ဆန်များ ယခုထိ အချိန်ထိ ဖြည့်တင်းစရာမလိုအပ်သေးပါဘူးလို့ဖော်ပြပြောဆိုနေကြပါတယ်။