မြင်းခြံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင် တစ်ဦးကို လူသတ်အကြမ်းဖက် PDF တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေး

သြဂုတ် ၃

     ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊နဘူးအိုင်ကျေးရွာအတွင်း စျေးအရှေ့ဘက်လမ်းပေါ်တွင် ဦးတင့်နိူင်၊၆၅နှစ်၊(ဘ)ဦးထွန်းမောင်၊ညောင်ဝန်းကျေးရွာ၊မြင်းခြံမြို့နယ်နေသူကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင့် သိရပါသည်။

ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးတင့်နိူင် တွင် နဖူးမှကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့် နေရာတွင် သေဆုံးခဲ့သည်။

       ဖြစ်စဥ်မှာသေဆုံးသူ ဦးတင့်နိူင်သည် ယာဥ်အမှတ် 22W/79705၊New Anbo အမျိုးအစားဆိုင်ကယ်ဖြင့် ညောင်ဝန်းကျေးရွာ နေအိမ်မှ နဘူးအိုင်ကျေးရွာစျေးသို့ စျေးဝယ်သွားခဲ့ရာ နဘူးအိုင်ကျေးရွာစျေး အရှေ့ဘက်လမ်းပေါ်အရောက်တွင် အမည်မသိ လူသတ်အကြမ်းဖက်သမား PDF တစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ နဘူးအိုင်ကျေးရွာ အနောက်ဘက်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

       အဆိုပါသေဆုံးသူ ဦးတင့်နိူင် သည် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင် တစ်ဦးဖြစ်ပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း ”ငါနဲ့မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘော ထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။

#PAN