ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များ စိုးမိုးထားသော ကျေးရွာများတွင် ကျောင်းသား / သူများကို NUG က ဖွင့်ထားသော  စာသင်ကျောင်းများ၌သာ တက်ရောက်ရန် ဖိအားပေးအကြပ်ကိုင်ခြိမ်း ခြောက်

သြဂုတ် ၁

       မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် မြေဖြူကျင်းအုပ်စု၊ ဆားလင်းကုန်းအုပ်စု၊အောင်နန်းအုပ်စု များအတွင်းမှ အခြားဒေသအသီးသီးသို့ ကျောင်းတက်နေသည့် ကျောင်းသား / သူများအား  ​နေအိမ်သို့ ပြန်ခေါ်ရန်နှင့် ပြန်မခေါ်ပါက သတ်ပစ်မည်ဟု လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက အစည်းအဝေးခေါ်၍ ခြိမ်း ခြောက်ပြောဆိုခဲ့ကြပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ PDF များ သည် ၄င်းတို့စိုးမိုးထားသော ကျေးရွာများတွင် အကြမ်းဖက်ပြည်ပြေ  NUG ၏ ညွှန်ကြားချက်ဖြင့် ဖွင့်ထားသော  စာသင်ကျောင်းများ၌သာ ကျောင်းတက်ရန် ဖိအားပေးအကြပ်ကိုင်ခြိမ်း ခြောက်နေကြောင်း၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများက မိမိတို့ကို အသက်အန္တရာယ်ပြုမည်ကြောက်သဖြင့် လိုက်နာနေကြရကြောင်း၊ အကြမ်းဖက် PDFမျာသည် ၎င်းတို့ အမိန့်အတိုင်း လိုက်နာအောင် သေနတ်ကိုင်ဆောင်ကာ ခြိမ်းခြောက်လုပ်ဆောင်နေကြောင်း သတင်း ရရှိပါသည်။

#PAN