“အင်ဒိုနီးရှားနိုင်ငံအစိုးရအား BRICS အဖွဲ့ အတွင်း ပါဝင်နိုင်ရေး ကြိုးပမ်းမှုများ ပြုလုပ် ကြရန် အင်ဒိုနီးရှား နိုင်ငံရေး သမား များက တောင်းဆိုခဲ့”

သြဂုတ် ၁

အင်ဒိုနီးရှားနိုင်ငံအား BRICS အဖွဲ့ဝင်ဖြစ်ရန် အတွက် အင်ဒိုနီးရှားနိုင်ငံရေးသမားများက တောင်းဆိုလိုက်တာဖြစ်ပါတယ်လ်ို့ သတင်းဌာန များ ကဖော်ပြ ပြောဆိုနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဆိုင်ရာ လေ့လာ သုံးသပ်သူ Connie Rahakundini Bakrie ၏ ပြောကြားချက်အရ BRICS ၏ အဖွဲ့ဝင်၅ နိုင်ငံ သည် လာမည့် ၂၀၅၀ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး မောင်းနှင်အား အဖွဲ့အစည်းအကြီး ဖြစ်လာရန် အလားအလာ ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးများကို ပံ့ပိုးရန်အတွက် BRICSအဖွဲ့အစည်း နှင့် ဆက်ဆံရေး များ ပိုမို ခိုင်မာလာစေရန် လိုအပ်ကြောင်း ပြီးခဲ့သည် ဇူလိုင် ၃၁ရက်နေ့ ကပြော ကြားခဲ့တာဖြစ်ပါတယ်။