“အိန္ဒိယ-အမေရိကန် နိုင်ငံတို့သည် Yudh Abhyas အမည်ရှိ နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှုများကို အမေရိကတိုက် အနောက်မြောက်ပိုင်း အလက်စကာ ပြည်နယ်အတွင်း လေ့ကျင့်မှုများ ပြုလုပ်သွားမည်”

ဇူလိုင် ၃၁

အိန္ဒိယနိုင်ငံ နှင့် အမေရိကန်တို့နိုင်ငံတို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် Yudh Abhyas အမည်ရှိ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုများ ကို အမေရိကတိုက် အနောက်မြောက်ပိုင်း ရှိအလက်စကာပြည်နယ် တွင်ပြုလုပ်သွား ကြမှာဖြစ်ပါတယ်။

အဆိုပါ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုများကို အလက်စကာပြည်နယ် တွင် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကြပြီး အင်ဒို-အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှု Yudh Abhyas ၏ ၁၉ ကြိမ်မြောက် လေ့ကျင့်မှုလည်းဖြစ်ပါတယ်။

အိန္ဒိယစစ်တပ်၏ Maratha Light အမျိုးအစား ခြေလျင်တပ်ရင်းမှ စစ်သားများ က အဆိုပါ ၁၄ ရက်ကြာ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မှုများပြုလုပ်ကြမှာဖြစ်ပြီး အမေရိကန် တပ်မ ၁၁ လေကြောင်းချီတပ်မဟာ ၏ တပ်မဟာ (၂) မှ အမေရိကန် ကြည်းတပ် တပ်ဖွဲ့ဝင်များသည် ယမန်နှစ် စစ်ရေးလေ့ကျင့်မှု တွင် ပါဝင်ခဲ့ကြသော်လည်း ယခုနှစ်တွင် အမေရိကန်မှ တပ်ခွဲရွေးချယ်မှုအပေါ် အတည်ပြုချက် တစ်စုံတစ်ရာ မရှိသေးပါဘူးလို့ လည်း သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။