ကျွန်းစုမြို့နယ်တွင် ပြည်သူ့စစ်များထံမှ လက်နက်းများခိုးယူပြီး ပြည်သူ့စစ်များကို ရှင်းလင်းရန် လာသော အကြမ်းဖက် PDF တစ်ဦးကို ပြည်သူ့ စစ်များက ဖမ်းဆီးရမိ

ဇူလိုင် ၃၁

          တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊မိုင်းသွေးရွာ ပြည်သူ့စစ်များထံမှ လက်နက်းများခိုးယူပြီး ပြည်သူ့စစ်များကို ရှင်းလင်းရန် တနင်္သာ ရီမြို့နယ်၊လယ်သစ်မြေပြားရွာ လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF အခြေစိုက်စခန်းမှ အကြမ်းဖက် PDF အောင်ငယ် (ခ​) သက်ဝေ၊ အညှင်ရွာသားသည် မိုင်းသွေးရွာသို့ လာစဥ် ယနေ့ မွန်းတည့် ၁၂ နာရီတွင် မိုင်းသွေးပြည်သူ့စစ်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

      အဆိုပါ  အောင်ငယ် (ခ​) သက်ဝေ ကို လယ်သစ်မြေပြားရွာ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF အခြေစိုက်စခန်းမှ PDF ခေါင်း ဆောင် ဖိုးတက်တိုး ဆိုသူက စေလွှတ်ခြင်းဖြစ်ကြောင်း၊ အောင်ငယ် (ခ​) သက်ဝေ သည် စစ်ပြေးတစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ (၂၈၃)မှ ထွက်ပြေးလာသူဖြစ်ကြောင်း သိရပါသည်။

      အဆိုပါ ဖမ်းဆီးရမိသူ အောင်ငယ် (ခ​) သက်ဝေ ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံရဲစခန်းသို့ လွှဲပြောင်းပေးပြီး အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN