တောင်ကုတ်မြို့တောင်ကုတ်တက္ကသိုလ်နှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ကြား၊တောင်ကုတ်တက္ကသိုလ်ဂိတ်(၃)ရှေ့တွင် ဒေသခံတစ်ဦးကို ဖုန်းနှင့် ပိုက်ဆံလုယူပြီး သတ်ဖြတ်ခဲ့

ဇူလိုင် ၃၁

       ယမန်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်နေသူ ဒေသခံတစ်ဦးဖြစ်သူ ဦးစံသိန်းအောင်၊၄၅ နှစ် သည် ချောင်းထိုးကျေးရွာအနီး မွေးမြူရေးခြံသို့ သွားရောက်စဉ် တောင်ကုတ်တက္ကသိုလ်နှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ကြား၊တောင်ကုတ်တက္ကသိုလ်ဂိတ်(၃)ရှေ့တွင် ဖုန်းနှင့် ပိုက်ဆံလုယူပြီး သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

      သေဆုံးသူ ဦးစံသိန်းအောင် တွင် နို့အုံ၊နောက် စေ့တွေမှာ ထိုးသွင်းဒဏ်ရာ ၄ ချက်နှင့် သေဆုံးခဲ့ကြောင်း၊ ဦးစံသိန်းအောင်ကို မည်သူ မည်ဝါ သတ်ဖြတ်သွားသည်ကို လိုက်လံစုံစမ်းရှာဖွေလျှက်ရှိရာ ၎င်းလုပ်ငန်းနှင့်ဆက်စပ်သူများ၊ ရန်ငြိုးရှိသူများအား ကွင်းဆက်ကို လိုက်လံစုံစမ်းစစ်ဆေးနေကြောင်း နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရှိရပါ သည်။

       ဦးစံသိန်းအောင်မှာ ညနက်နေသော်လည်း အိမ်ပြန်မရောက်သောကြောင့် မိန်းမဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ကို ခေါ်ယူပြီး ရှာဖွေစုံစမ်းရာမှ တောင်ကုတ်တက္ကသိုလ်အနီးတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

     ဦးစံသိန်းအောင်အား သတ်သွားသည့် တရားခံများကို တောင်ကုတ်မြို့ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နှင့် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

      အလားတူ တောင်ကုတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမဘေးက ရွှေပွင့်အိမ်ရွှေဆိုင် သေနတ်အတုဖြင့် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရပါသည်။

#PAN

ဇူလိုင် ၃၁        ယမန်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့၊ကိုင်းရှည်ရပ်ကွက်နေသူ ဒေသခံတစ်ဦးဖြစ်သူ ဦးစံသိန်းအောင်၊၄၅ နှစ် သည် ချောင်းထိုးကျေးရွာအနီး မွေးမြူရေးခြံသို့ သွားရောက်စဉ် တောင်ကုတ်တက္ကသိုလ်နှင့် ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်ကြား၊တောင်ကုတ်တက္ကသိုလ်ဂိတ်(၃)ရှေ့တွင် ဖုန်းနှင့် ပိုက်ဆံလုယူပြီး သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။       သေဆုံးသူ ဦးစံသိန်းအောင် တွင် နို့အုံ၊နောက် စေ့တွေမှာ ထိုးသွင်းဒဏ်ရာ ၄ ချက်နှင့် သေဆုံးခဲ့ကြောင်း၊ ဦးစံသိန်းအောင်ကို မည်သူ မည်ဝါ သတ်ဖြတ်သွားသည်ကို လိုက်လံစုံစမ်းရှာဖွေလျှက်ရှိရာ ၎င်းလုပ်ငန်းနှင့်ဆက်စပ်သူများ၊ ရန်ငြိုးရှိသူများအား ကွင်းဆက်ကို လိုက်လံစုံစမ်းစစ်ဆေးနေကြောင်း နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရှိရပါ သည်။        ဦးစံသိန်းအောင်မှာ ညနက်နေသော်လည်း အိမ်ပြန်မရောက်သောကြောင့် မိန်းမဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့ကို ခေါ်ယူပြီး ရှာဖွေစုံစမ်းရာမှ တောင်ကုတ်တက္ကသိုလ်အနီးတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။      ဦးစံသိန်းအောင်အား သတ်သွားသည့် တရားခံများကို တောင်ကုတ်မြို့ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နှင့် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။       အလားတူ တောင်ကုတ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက မြို့တော်ခန်းမဘေးက ရွှေပွင့်အိမ်ရွှေဆိုင် သေနတ်အတုဖြင့် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရပါသည်။