မြင်းခြံမြို့နယ်၊သင်ပြွန်းကျေးရွာအနီး သာမန်အရပ်သားပြည်သူ နှစ်ဦးကို အကြမ်းဖက် PDF များက နေအိမ်တွင် လာရောက်ခေါ်ဆောင်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၃၁

       ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊သင်ပြွန်းကျေးရွာအနီး၌ လူ ၂ဦး အသတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊သင်ပြွန်းကျေးရွာနှင့်ကျီးပင်ကန်ကျေးရွာသွား လမ်းဘေးရှိ သရက်ခြံအတွင်း ၌ သာမန်ပြည်သူ ဦးမြင့်ထီ၊၄၅နှစ်၊(ဘ)ဦးမြတ်မောင်၊သင်ပြွန်းကျေးရွာနေသူမှာ လည်ပင်းထိုးသွင်းဒဏ်ရာ ၁ချက်၊နဖူးမှဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊သာမန်ပြည်သူ မခိုင်ဇင်မိုး၊၃၀နှစ်၊(ဘ)ဦးစိုးမြင့်၊သင်ပြွန်းကျေးရွာနေသူမှာ ဂုတ်ပိုးထိုးသွင်းဒဏ်ရာ ၂ချက်ဖြင့်လည်းကောင်း သေဆုံးနေပြီး အခင်းဖြစ်နေရာအနီးမှ 9-MM ကျည်ခွံ ၁ခုကို တွေ့ရှိရပါသည်။

      ဖြစ်စဥ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် သေဆုံးသူ ဦးမြင့်ထီနှင့် တူမဖြစ်သူ မခိုင်ဇင်မိုးတို့ နှစ်ဦး ဦးမြင့်ထီ၏ နေအိမ်၌ ရှိနေစဥ် လူသတ်အကြမ်းဖက် PDF ၅ ဦး၊ဆိုင်ကယ် ၃စီးဖြင့် သေနတ်များကိုင်ဆောင်ကာ ရောက်ရှိလာရာ မေးစရာရှိလို့ လိုက်ခဲ့ပါ ဟုပြောကာ ခေါ်သွားခဲ့ကြောင်း၊ အခင်းဖြစ်နေရာ အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိပါသည်။

       သေဆုံးသူ နှစ်ဦးစလုံးမှာ သာမန်ပြည်သူများသာဖြစ်ကြပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကို မသိရသေးကြောင်း၊ သတ်ဖြတ်သွားသည့် တရားခံ အကြမ်းဖက် PDF များကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးအဖွဲ့က ပိတ်ဆို့ရှာဖွေရှင်းလင်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN