အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂ဝ၂၃)အစည်းအဝေးကျင်းပ

ဇူလိုင် ၃၁

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ
အစည်းအဝေး(၂/၂၀၂၃) ကို ဇူလိုင် ၃၁ ရက်နံနက်ပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

      အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည် ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူး ဖိတ်ကြားထားသည့် နစက အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာ သီတာဦးတို့ တက်ရောက်ခဲ့ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တင်ပြချက်

         တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နစက အနေဖြင့် နိုင်ငံတော်တာဝန်များကို သက် တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာမှာ ယခင်ချမှတ်ထားသည့် ရှေ့ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အပြင် နိုင်ငံရေးလုပ် ငန်းစဉ်(၂)ရပ်ဖြစ်သည့် စစ်မှန်စည်း ကမ်း ပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့်ပြည် ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရေးလုပ် ငန်းစဉ် (၂)ရပ်ဖြစ်သော တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန် ထိရောက်စွာ ဆောင် ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ပထမဆုံးအချက်

        ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ပထမဆုံးအချက်ကို “ပြည်သူတို့၏ လူမှု စီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့် အဝရရှိစေရန် အလေး ထားလုပ်ဆောင်မည်”ဟုချမှတ်ထားပါကြောင်း၊ လက်ရှိကာလမှာ CRPH NUG နှင့် PDF အပါအဝင် အချို့ EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုမျိုးစုံကိုလုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း လိုအပ်သည့်စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရရှိစေရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်ကထက် အကြမ်းဖက်တိုက် ခိုက်မှုများ လျော့နည်းလာသည်ဆိုသော်လည်း NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လှုံ့ဆော်မှု၊ အချို့သောအကြမ်း ဖက်မှုအားပေး ပြည်ပဝင်ရောက်စွက်ဖက်မှု၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့သော EAO များ၏အကြမ်းဖက်လုပ်ရပ်များကြောင့် အကြမ်း ဖက်တိုက်ခိုက်ခံရမှုများရှိနေဆဲပင်ဖြစ်ပါကြောင်း။

အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်ပြီးတင်ပြချက်

        အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုများကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရဟန်းသံဃာနှင့် သီလရှင် ၄ ပါး၊ အပြစ်မဲ့ပြည်သူများသေဆုံးမှု ၇၇၂ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂၈ ဦး သေဆုံးခဲ့ရပါ ကြောင်း၊ ထို့ပြင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ကျန်း မာရေးဆိုင်ရာအဆောက်အဦ ၁ လုံး၊ ဘာသာရေးဆိုင်ရာအဆောက် အဦ ၁၁ လုံး၊ လူနေအဆောက်ဘအဦ ၇၆ လုံး၊ လမ်းတံတားနှင့် တိုးဂိတ်အဆောက်အဦ စုစုပေါင်း ၉၄ ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင် ၂၆ ခု အပါ အဝင် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း။

      ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင်ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်စေရေး ခြိမ်းခြောက်စာများကပ်ခြင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအားရိုက်နှက်ခြင်း၊ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများနှင့် စသောအကြမ်းဖက်မှုများ လုပ် ဆောင်ခဲ့ပါကြောင်း။
      KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများမှ လမ်းတံတားများနှင့် ရထားလမ်း ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၉၄ ကြိမ် လုပ် ဆောင်ခဲ့ပါကြောင်း၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်ပူပန်မှုများ၊ ရွံရှာစက် ဆုပ်မှုများ ဖြစ်ပေါ်လျက်ရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီးလျှို့ဝှက်စွာပူး ပေါင်း၊ သတင်းပေးပို့မှုများကြောင့် အကြမ်း ဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရရှိမှု ပိုမိုများပြားလာပြီး လက်လုပ် သေနတ်များအပါအဝင် လက် နက်မျိုးစုံ ၁,၀၈၈ လက်၊ ကျည်မျိုးစုံ ၇၇,၅၇၉ တောင့်၊ ခဲယမ်းမျိုးစုံ ၂,၆၆ဝ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၈,၇၉၂ လက်၊ ကျည်မျိုးစုံ ၁,၄၂၃,၂၂၄ တောင့်၊ ခဲယမ်းမျိုးစုံ ၄၅,၈၆၅ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မိမိတင်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၊ဝန်ထမ်းများသေကြေမှုသည် ပြည်သူကိုအညှာအတာ ကင်းမဲ့စွာ၊ လူသားမပီသစွာ၊ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ် သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့်လူမှုစီးပွား ပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကြမှုများ ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊ ဆိုးဝါးသော တိုင်းပြည်ဖျက်လုပ်ငန်း များဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်းလို ပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ဒုတိယအချက်

        ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ဒုတိယအချက်ဖြစ်သည့်“တိုင်းပြည် သာယာဝပြောရေးနှင့်စားရေ ရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်တွင်းထုတ်လုပ်မှုတိုးတက်မှ ပြည်တွင်း စားရေရိက္ခာ လိုအပ်ချက်များကို ဖူလုံအောင်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လူတစ်ဦး ချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ တိုင်းပြည်သာယာဝပြောမှုအထိ ဖြစ်တည် လာမည်ဖြစ်ပါကြောင်း။

      မိမိတို့နိုင်ငံအတွက်သေချာခိုင်မာသည့် စီးပွားရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပင် ဖြစ်ပါကြောင်း၊ အဆိုပါစိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ အဆိုပါစီးပွားရေးလုပ်ငန်း များသည် ပြည်သူတစ်ရပ်လုံးအတွက်အကျုံးဝင်သည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကကျပြီး အချိန်တိုအတွင်း အကျိုးဖြစ်ထွန်း နိုင်သည့်ဘအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

        ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် GDP တိုး တက်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ၄ ရာခိုင်နှုန်း ခန့်အထိ တိုးတက်မည်ဟု မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း။

ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်

      ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်ဖြစ်သည့် “စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့်ပတ် သက်ပြီး ဖြတ်သန်းခဲ့ရသည့်သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရ  မည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီဆက်လက်တည် ထောင်မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက်လျှောက် ထားခဲ့ပြီး နိုင်ငံရေးပါတီ မှတ် ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ယနေ့အထိ နိုင်ငံရေးပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားလာသည့်ပါတီ ၁၃ ပါတီရှိပါကြောင်း၊ ပါတီဟောင်းများအနေဖြင့် ပါတီဝင်အသစ်များ ပါရှိလာသည်ရှိသကဲ့သို့ ပါတီသစ်များအနေဖြင့်လည်း ပါတီများ ခိုင်မာတည်တံ့ရေးအပါ အဝင် ပါတီ၏မူဝါဒများကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပါတီဝင်များ မိမိတို့အစိုးရအဖွဲ့သည် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ့တာဝန်ကိုရယူခဲ့ရသည့် အစိုးရဖြစ်သည့်အတွက် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ပေးရမည့် ရွေး ကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှု ရှိစေရေးသည် အဓိကအကျဆုံးဖြစ်ပါကြောင်း။

အထွေထွေတင်ပြချက် အနေဖြင့်

       “မိုခါ”မုန်တိုင်းနှင့် ပတ်သက်ပြီး ကြိုတင်ပြင် ဆင် ဆောင်ရွက်မှု ကောင်းမွန်ခဲ့သည့်အတွက်မုန်တိုင်းကြောင့် သေဆုံးရသည့် အရေအတွက် နည်းပါးခဲ့ပြီး တိုက်ခတ်ခဲ့သည့် မုန်တိုင်း၏အရှိန်နှင့် နှိုင်းယှဉ်ပါက မိမိတို့၏ ပြည်သူလူထုအပေါ်အလေးထား ဆောင်ရွက်ပေးနိုင်ခဲ့မှုကို သုံးသပ်နိုင်မည်ပင်ဖြစ်ပါကြောင်း။

လွှတ်တော်များရဲ့ အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး တင်ပြချက်

       လွှတ်တော်များ၏ အခန်းကဏ္ဍနှင့်ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ မိမိတို့မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ် တော်ဟူ၍ လွှတ်တော် ၃ ရပ်နှင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ လွှတ်တော်အစည်း အဝေးတစ်ခု အထမြောက်ရန်ဆိုပါက လွှတ်တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ထက်ဝက်ကျော်ဦးရေ တက်
ရောက်ပါက အစည်းအဝေးသည် အထမြောက်ပါကြောင်း၊ ပထမနေ့ အစည်းအဝေး အထမြောက်ပြီး ဆက်လက်ကျင်းပသည့် လွှတ်တော်အစည်း အဝေးများတွင် တက်ရောက်ခွင့်ရှိသည့် လွှတ် တော်ကိုယ်စားလှယ်အရေအတွက်၏ သုံးပုံတစ်ပုံ တက်ရောက်နိုင်သည်နှင့် အစည်းအဝေးသည် အထမြောက်နေပြီဖြစ်ပါကြောင်း၊ ပထမဆုံးကျင်းပမည့် လွှတ် တော်အစည်းအဝေး အထ မြောက်ရန်လိုအပ်သည့် ၅၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်တွေအတွက် တပ်မ တော်သားလွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်ပါကြောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းသော လွှတ် တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်း အဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော် ယခုဆွေးနွေးခဲ့သကဲ့သို့ လွှတ်တော်အစည်းအဝေးကို ကျင်းပလိုက်သည်နှင့် လွှတ်တော်အစည်းအဝေး အထ မြောက်အောင် တပ်မတော်က အတင်း လုပ်ယူသည်ဟူသည့် ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့် အနေ အထားရှိပါကြောင်း၊ အလားတူ ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များ ဖြစ်၊ မဖြစ်ကို သုံးသပ်တွေ့ရှိနိုင်ပါကြောင်း၊ ပြည်သူလူ ထုကို ကိုယ်စားပြုမှုအားနည်းခဲ့သည့်အတွက် နောက်ပိုင်းတွင် ပြဿနာများ ဖြစ်ပွားလာသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း။

       မဲဆန္ဒရှင်ပြည်သူအားလုံးကို အေးချမ်းလုံခြုံစွာ မဲပေးနိုင်ခွင့်ရှိရေး ဆောင်ရွက်ပေးရမည်မှာ အစိုးရတာဝန်ဖြစ်သကဲ့သို့ မဲပေးခြင်း၊ မဲမပေးကြခြင်းမှာ ပြည်သူတစ်ဦး တစ်ယောက်ချင်း၏ ဒီမိုကရေစီအခွင့်အရေးပင်ဖြစ်ပါကြောင်း၊ မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အတွက် မိမိတို့အစိုးရအဖွဲ့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိမိတို့အစိုးရက တာဝန်ယူကျင်းပရသည့် ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးသည့်အဆုံးအဖြတ်ပေးမည့် ကိစ္စဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအထူးဂရုပြု ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မဲပေးသည့်နေရာတွင် လုံခြုံမှုရှိရန်၊ မဲစာရင်းမှန်ကန်ရန် အဓိကထားဆောင် ရွက်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်များ၊ ဆောင်
ရွက်ချက်များထဲမှ အားနည်းချက်ဖြစ်ပေါ်ခဲ့ပါက မိမိတို့တပ်မတော်ကို ပြည်သူလူထု အနေဖြင့် အပြစ်မြင်လာမည်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အလော တကြီးစောလျင်စွာ ဆောင်ရွက်၍မရဘဲ စနစ်တကျပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် အချိန်တစ်ခုအထိ မိမိတို့အနေဖြင့် ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း။

     မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေးကိုရှေးရှုပြီး ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး အခင်းအကျင်းသည် ၂ ခု ထွက်ပေါ်လာနိုင်ပါကြောင်း၊ ပထမတစ်ခုမှာလတ် တလော လက်နက် ကိုင်တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိသည့် ဒေသများကိုချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့်ရွေး ကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပထမဖြစ် ပေါ်လာနိုင်သည့် အခင်းအကျင်းဖြစ်သည့် တည် ငြိမ်မှုအားနည်းနေဆဲ ဒေသများကိုချန်လှပ်ပြီး ကျန်ဒေသတွေမှာ ရွေးကောက်ပွဲကိုကျင်းပပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များမှာ ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် ကျင်းပခဲ့သည့် ၃၁၅ မြို့နယ်ထက်ပိုမို၍ ကျင်းပနိုင်မည့်မြို့နယ်အရေ အတွက် နည်းပါးသွားနိုင်ပါကြောင်း၊ ၂၀၂၀ပြည့် နှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ၏ မကျေနပ်မှုများကိုလည်းတွေ့မြင်ရပြီးဖြစ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင်ရှိသည့် ပြည်သူလူထုသည်၎င်းတို့၏ မူလအခွင့် အရေးဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများ
ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်သည် ထက်စာပါက လုံခြုံမှုရှိသည့်နေရာများတွင် ကျင်းပပေးနိုင်ရန်လည်း စဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းစသည့် ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမှာဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင်လည်း အလားတူဒေသကိုယ်စားပြုသည့် ကိုယ် စားလှယ်ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အားနည်းချက်များဖြစ်ပေါ်လာနိုင်ခြင်းစသည့် အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအမြင်၊ပြည်သူလူထုအမြင်တွင် လွှတ်တော်ကိုမဖြစ်ဖြစ်အောင် ခေါ်သည်ဆိုသည့် အနေအထားကို ရောက်ရှိသွားနိုင်ပါကြောင်း၊ ဒုတိယဖြစ်ပေါ်လာနိုင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များနှင့်ပတ်သက်ပြီး အဓိကအားဖြင့် လက်နက် ကိုင်ဆန့်ကျင်မှု၊ အကြမ်း ဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့်ဒေသများတွင် လက်နက်အားကိုးခြိမ်းခြောက်ပြီး မဲပေးမှုကိုတားမြစ်ပိတ်ပင်ခြင်း၊
ဗုံးဖောက်ခွဲခြင်း၊အကြမ်းဖက်တိုက်ခိုက်ခြင်း၊
အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက်မဲထည့်စေခြင်းများဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင်များကိုယ်တိုင်မဲပေးရွေးချယ်သည့် ရာနှုန်းကျဆင်းခြင်း၊ အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်အသီးသီးကို ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာနိုင်သည့် အတွက် နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ပါကြောင်း၊ ထိုသို့သောအခြေ အနေများ ဖြစ်ပေါ်လာမှု မရှိစေရေးအတွက် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်လုပ်ငန်းစဉ်များကိုအရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အရေးတကြီးလိုအပ်လျက် ရှိပါကြောင်း။


ရွေးကောက်ပွဲကျင်းပနိုင်သည့် အခင်းအကျင်း ၂ ခု လုံးအတွက် အဓိကလိုအပ်ချက်များကို သုံးသပ်လေ့လာကြည့်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရွေးကောက်ပွဲကျင်းပရန်၊ မဲပေးရွေးချယ်မည့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် အမှီအခိုကင်း ကင်း၊ အကြောက်တရား ကင်းကင်းဖြင့် မဲပေးရွေးချယ်နိုင်ရန်၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်ဆိုသည့် အဓိကအကြောင်း အရာများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကျင်းပပေးရမည့် ရွေးကောက် ပွဲသည် အထွေ ထွေရွေးကောက်ပွဲ (General Election)ဖြစ်ပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် နိုင်ငံရေးအဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည့်အတွက် အားလုံးက အထူးအလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့်စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှန်ကန်စွာ ပေါ်ထွန်းဖော်ဆောင်နိုင်စေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်သူပုဂ္ဂိုလ်များအားလုံး၊ ပြည်သူ ပြည်သားများအားလုံး၊ ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် နိုင်ငံတကာအသိုက်အဝန်းအားလုံးမှ အပြုသဘောဆောင်ပြီး နားလည်မှုအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့်လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးစသည့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည့်အတွက် အရေးပေါ်အခြေအနေအဖြစ် ကြေညာထားမှုကိုထပ်မံပြီး( ၆ လ)သက်တမ်း တိုးမြှင့်တာဝန်ထမ်းဆောင် ခွင့်ပြုရန်တင်ပြလိုပါကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

          ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်များနှင့်စပ်လျဉ်း ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ ဆွေးနွေးတင်ပြကြရာ ဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးပြောကြားရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်ကိုထောက်ခံပါကြောင်းဆွေးနွေး ပြောကြား သည်။

          ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကဆွေးနွေးပြောကြား ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တင်ပြမှုတွင် လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ် နေသည့် အခြေအနေများနှင့် နိုင်ငံတော်မှဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင် ရွက် သွားရန်လိုအပ်သည်များကို အကျယ်တဝင့်သုံးသပ်ဆွေးနွေး သွားသည်ကို တွေ့ရှိ ခဲ့ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃)၌ နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေ အနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်မှုနှင့်ပတ်သက်၍ အကျယ်တဝံ့ ရှင်းလင်းခဲ့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ သဘောထားမှတ် ချက်နှင့် ပတ်သက်၍လည်းကောင်း အများသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်များအရလည်း ကောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ရန် တစ်ညီတစ်ညွတ်တည်းဆုံးဖြတ် ဆောင်ရွက် ခဲ့ကြကြောင်း၊ မိမိအနေဖြင့် အထူးပြုတင်ပြလိုသည်မှာဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံး၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်အတည်ဖြစ်သည်ဟုပါရှိကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေ အနေကြေညာထားသည့်ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ဆက်လက် သက်တမ်း တိုးခြင်းကိုထောက်ခံပါကြောင်းဖြင့်ဆွေးနွေးသည်။

          ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးပြောကြားရာတွင် အကြမ်းဖက်သမားများကြောင့် ဖြစ်ပေါ်ခဲ့သည့် လူမှုစီးပွားဘဝ ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှုများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုကြောင့် အကြမ်းဖက်မှုများ လျော့ပါးလာအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ တပ်မတော်အနေဖြင့်လည်း အကြမ်းဖက်မှုများ လျော့ပါးစေရေးအတွက် လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရန်အတွက် အချိန်တစ်ခုလိုအပ်နေမှု တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တပ်မတော် အနေ ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ မဲစာရင်းများ မှန်ကန်မှုရှိရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်မှုနှင့် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံမှု နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

          ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆွေးနွေးတင်ပြရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှင်း လင်း ဆွေးနွေးမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေ အနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံ ပါကြောင်းဆွေးနွေးပြောကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆွေးနွေး တင်ပြရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ် များမှအစပြု၍ နိုင်ငံအတွင်းအကြမ်း ဖက်လုပ်ရပ်များ ဖြစ်ပေါ်ခဲ့မှုနှင့်လုံခြုံရေး၊ တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား(၆)လ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဆွေးနွေး ပြောကြားသည်။

          ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေက လွန်ခဲ့သည့် ၆ လ တာကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု အခြေ အနေများကို နိုင်ငံတကာမှ သိရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေ အနေများနှင့် နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေညာထားသည့် ကာလအားထပ်မံ သက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်းဆွေးနွေးပြောကြားသည်။

          ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အကြမ်းဖက်မှုဖြစ်စဉ်များ လျော့ပါးလာသည် ဖြစ်သော်လည်း အချို့နေရာများ၌ ဖြစ်ပေါ်နေဆဲဖြစ်သည့် အခြေအနေများ၊ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက် ပြားစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့် လက်နက်ကိုင် အကြမ်း ဖက်လုပ်ရပ်များ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလအားသက်တမ်းထပ်မံတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဖြင့်ဆွေးနွေးပြောကြားသည်။

          ယင်းနောက် အထွေထွေဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က EAO အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ် များဆက်လက်ဆောင်ရွက်နေမှု၊ ပြည်တွင်းအင်အားဖြင့် စီးပွားရေးပိတ်ဆို့မှုများအား ကျော်လွှားနိုင်ရေးဆောင်ရွက်နေမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာအခင်းအကျင်းများနှင့် နိုင်ငံတည်ငြိမ်အေး ချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

          ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက ယခင်ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သည့် (၂)နှစ်တာ ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ရှေးရှုပြီး ဆောင်ရွက်ခဲ့သည့် အခြေအနေများကိုသာမက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များအပါအဝင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသည့် အခြေအနေများကိုဆွေးနွေး တင်ပြခဲ့သည့် အတွက် “နိုင်ငံတော်၏ အခြေအနေအရပ်ရပ်သည် သာမန်မဟုတ်သည့် အခြေအနေ” အဖြစ် သတ်မှတ်ခဲ့ပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံအတွင်း ဖြစ်ပေါ်နေ သည့် သာမန်မဟုတ်သည့် ဖြစ်စဉ်၊ ဖြစ်ရပ်များ၊ ပြောင်းလဲလာသည့် ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အကြောင်းအရာများကိုမူတည်ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်ကိုလည်း သတိပြုမိပါကြောင်း။

          ယခင် (၂)နှစ်တာကာလ တာဝန်ထမ်းဆောင်ချိန်မှာ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်အနက် ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များအစား ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် အချက်အလက်များနှင့် ပြင်ဆင်၊ ဖြည့်စွက် ဆောင် ရွက်ခဲ့သည်ကို မြင်တွေ့ခဲ့ရပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ၏ အမျိုးသားအကျိုးစီးပွားနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး ယခင် (၂)နှစ်တာကာလအတွင်း ချမှတ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည် ချက်များကို ပြင်ဆင်၊ ဖြည့်စွက်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသား များ၏ အကျိုးကိုရှေးရှုသည့် ဆောင်ရွက် ချက်များဖြစ်သည့်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း ကိုပြောကြားလိုပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့်လည်း ယခုအစည်းအဝေး တွင် ပြင်ဆင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂)ရပ်တို့ကို ပြီးခဲ့သည့်ကာလအတွင်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့သည့် အခြေအနေများကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရှိရ ပါကြောင်း။

          လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဖြစ်ပေါ်စေခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲ မဲမသမာမှုကို ဖြေရှင်းဆောင်ရွက်ပြီးချိန်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူလဦးတည်ရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲ အခင်းအကျင်း ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ဆောင်ရွက်နေသည်ကိုလည်း သတိပြုမိပါ ကြောင်း။

          ဒီမိုကရေစီစနစ်၏ အသက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ွဲတစ်ရပ် ဖြစ်ပေါ်လာစေရေး၊ စုစည်းမှုအင်အားရှိသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာစေရေး၊ တိုင်းရင်းသားပြည်သူလူထုများ၏အသံကို ကြားသိနိုင်သည့် အခင်းအကျင်းဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ခြင်းမှာလည်း သင့်လျော်ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ် သည်ဟု ပြောကြားလိုပါကြောင်း။

          လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် အခြားပုဂ္ဂိုလ်ရေး၊ စည်းရုံးရေး ဆိုင်ရာ အခြေအနေအချို့ကြောင့် ယခင်တည်ရှိခဲ့သည့် ပါတီများအနက် အချို့ပါတီ များသည် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ကြပါကြောင်း၊ ယင်းဖြစ်စဉ်၏ အခြားတစ်ဘက် တွင် နိုင်ငံရေးပါတီတချို့ ပူးပေါင်းခြင်း၊ ပါတီသစ်တချို့ မှတ်ပုံတင်ခြင်း စသည်များ လည်း ဖြစ်ထွန်းလာသည်ကို တွေ့မြင်ရသည့်အတွက် ပြင်ဆင်ပြဌာန်းလိုက်သည့် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အနှစ်သာရအားဖြင့် ပြည့်စုံသည့် ဥပဒေဖြစ် သည်ကို သက်သေပြနေခြင်း ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပခြင်းဟူသည့် လုပ်ငန်းစဉ်ကို ရောက်ရှိနိုင်ရေး ပြင်ဆင်ခြင်း အဆင့်ကို ကျော်ဖြတ်ရဦးမည်ဖြစ်ပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဆွေးနွေးချက်တွင် ရွေးကောက်ပွဲ ကျင်းပမှုကို အခင်းအကျင်း(၂)ခုဖြင့် ဆွေးနွေးသွားသည်ကို တွေ့ရပါကြောင်း၊ ပထမ အခင်းအကျင်းအရ လက်ရှိပစ်ခတ်တိုက်ခိုက်မှု၊ အကြမ်းဖက်မှု၊ ဥပဒေမဲ့ပြုကျင့်မှုများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ဘက်ခြမ်း နေရာအချို့၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေရာအနည်းငယ်တို့ကို ချန်လှပ်ပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဖြစ်ပါကြောင်း။

          ဒုတိယအခင်းအကျင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ အခင်းအကျင်းတိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိသည်ကို တွေ့ရပါကြောင်း၊ လက်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော်ကိုအခြေပြုပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည့် အတွက် တပ်မတော်၏မူလရပ်တည်ချက်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှု မရှိစေရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၆(စ)ပါ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ် တစိုက်ဦးတည်သည်ဟူသည့် တာဝန်ကြီးများကို မမှိတ်မသုန်ထမ်းဆောင်ရမည် လည်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အခင်းအကျင်း နှစ်ခု၏ အားသာချက်၊ အားနည်းချက် များအနက် လျှောက်လှမ်းမဲ့ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူအနိုင်ရရေးကိုသာ ဦးတည်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ဆွေးနွေးသွားသည်ကို လည်း လေးလေးနက်နက် သတိပြုမိပါကြောင်း။

          တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် ပြည်သူအားလုံး၏ ဆန္ဒသဘောထားကို ထင်ဟပ်စေမည့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲကျင်းပရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျင်းပရာတွင်လည်း အကြောက်တရားကင်းကင်း၊ အမှီအခိုကင်းကင်းဖြင့် မဲပေးခွင့်ရ စေရေး၊ အကြမ်းဖက်မှုကို လိုလားသူများနှင့် အားပေးသူများ လွှတ်တော်အတွင်း ရောက်ရှိ မလာစေရေး စသည့် ပြည်သူကိုရှေးရှုသည့် ရည်မှန်းချက်များသည် ပြည့်စုံလှ သည့် ဆွေးနွေးချက်များဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း။

          လတ်တလော နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်လည်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သည့်မူဝါဒကို ကျင့်သုံးပြီး ပြည်ပနိုင်ငံအသီးသီးနှင့် ဆက်ဆံရေးကိစ္စရပ်များ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် နယ်ပယ်အသီးသီးမှ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တိုးမြှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီး တိုးတက်မှုများရရှိအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့နေရပါကြောင်း။

          ထို့အပြင် နိုင်ငံသူ၊ နိုင်ငံသားများအတွက် ချမှတ်ထားသည့် အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်ကိုလည်း လက်ရှိရထားသည့် အခြေအနေကောင်းတစ်ရပ်မှ ဆက်လက်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် အချိန် အတိုင်းအတာအရ လိုအပ်လျက်ရှိနေကြောင်း တွေ့ရှိရပါကြောင်း၊ အခု ဆွေးနွေးခဲ့ သည့် ၆ လတာ ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် လေဘေး အပါအဝင် မိုခါမုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူလူထုများ၏ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်း အပါအဝင် ပြန်လည် ထူထောင်ရေး နှင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် စိတ်ခွန်အား၊ ငွေအား၊ လူအားတို့ကို အရှိန်အဟုန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိနေဆဲဖြစ်သည် ကိုလည်း တွေ့ရှိရပါကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်ကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ကာလအတွင်း နိုင်ငံတကာနှင့် ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်မှုကြားမှ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားတိုးတက် ရေးကို ရှေးရှုပြီး ဆောင်ရွက်ခဲ့မှုများကို လေးစားစွာ အသိအမှတ်ပြုပါကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲလာမှုများအပေါ် မူတည်ပြီး ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ပြင်ဆင်၊ ဖြည့်စွက် ဆောင်ရွက်ချက်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေး ကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်ချက်များသည် သမိုင်း မှတ်တမ်း ရေးထိုးနိုင်ခဲ့ပြီဟု ဆိုနိုင်ပါကြောင်း။

          တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ တစ်ဦးချင်းစီ၏ လွတ်လပ်မှု၊ အမှီအခိုကင်းမှု၊ အကြောက်တရား ကင်းမဲ့စွာ မဲပေးနိုင်မှု စသည့် ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

          ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် မိမိအပါအဝင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံး၏ သဘောတူ ဆွေးနွေး ဆုံးဖြတ်ချက်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ) ၏ လုပ်ပိုင်ခွင့်များအရ လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရ “နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၃ ရက်နေ့ မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်” ထံသို့ထပ်မံအပ်နှံကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်း၊ “အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)ကို ရုပ်သိမ်းလိုက် ကြောင်း သတင်း ရရှိသည်။

#PAN