လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ် (၂၀) ရပ်ကွက် ၊ အနော်ရထာလမ်းရှိ ရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား၊မသင်္ကာဖွယ် သံပိုက်တစ်ခုအား ရှင်းလင်းခဲ့

ဇူလိုင် ၃၀

       ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၀)ရပ်ကွက်၊ အနော်ရထာလမ်းရှိ ရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက် ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့က သွားရောက်စိစစ်ခဲ့ရာ အနော်ရထာလမ်းအတိုင်း မြောက်မှ တောင်သို့ စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ် ၁ စီးဖြင့် အကြမ်းဖက်သောင်း ကျန်းသူ PDF ၂ ဦး(စိစစ်ဆဲ)မှ လက်လုပ်ဗုံး ဖြင့် ပစ်ခဲ့သဖြင့် ဘယ်ရီဂိတ်များဖြင့် အတားအဆီးပြုလုပ်ထားသည့် အမှတ် (၂၀)ရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦ ဝင်/ထွက်ပေါက်ရှေ့ ၄ ပေခန့်အကွာ၊ အနော်ရထာလမ်းဘေးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

       ထို့အပြင် ရပ်ကွက်ရုံး ဝင်/ထွက်ပေါက်နှင့် ၃ ပေခန့်အကွာတွင် သံပိုက် ၁ ခုအား မသင်္ကာဖွယ် တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ မသင်္ကာဖွယ် သံပိုက်အား နယ်မြေခံလုံခြုံရေးအဖွဲ့က ရှင်းလင်းခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်မှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN