တမူးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကလေး – တမူး ကားလမ်းမဖွင့်သဖြင့် နိုင်ငံတော်မှ အခမဲ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကရိယာများမပိုနိုင်၍ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများမှာ အခက်အခဲဖြစ်

ဇူလိုင် ၃၀

       စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင်
အောက်ဘက်ပိုင်းနယ်မြေအားလုံးကို လူသတ်အကြမ်းဖက် PDF များက စိုးမိုးထားပြီး ယခုပညာသင်နှစ်တွင် စာသင်ကျောင်းဖွင့်လှစ်ခွင့်မပြု
ကြောင်း သိရပါသည်။

       တမူးမြို့ပေါ်တွင် စာသင်ကျောင်းအနည်း
ငယ်မှအပ အများစုဖွင့်ကြကြောင်း၊ တမူးအထက်ပိုင်းရှိ စာသင်ကျောင်း ထက်ဝက်ခန့် အခက်အခဲကြားမှ ဖြစ်နိုင်သမျှ ဖွင့်လှစ်သင်ကြားကြောင်း ၊ကျောင်းဖွင့်ရာသီတွင် တမူး – ကလေးလမ်းကြောင်းဖွင့်သော်လည်း အကြမ်းဖက် PDF များကစာအုပ်နှင့် စာရေးကိရိယာ(ပြင်ပစာရေးကိရိယာဆိုင်များအပါ)သယ်ယူခွင့်မပြုခဲ့ကြောင်း သိရသည်။

       ပန်းသာရွာတွင် အခြေပြုနေသော နယ်မြေလုံခြုံရေးစခန်းကို အကြမ်းဖက်သောင်းကျန်းသူ PDF များက လာရောက်တိုက်ခိုက်သည်မှစပြီး ကားလမ်း ပိတ်ထားသည်မှာ တစ်လခွဲခန့်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခမဲ့ပေးသည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကရိယာများလုံးဝ မပို့နိုင်သေးသည့်အတွက် ကျောင်းသား၊ကျောင်းသူများနှင့် မိဘများမှာ အခက်အခဲဖြစ်နေကြကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN