မြဝတီမြို့နယ်တွင် စိတ်မနှံသူ အမျိုးသားတစ်ဦး အမှတ်(၁)ချစ်ကြည် ရေးတံတားအပေါ်မှ သောင်းရင်းမြစ်ထဲသို့ ခုန်ချမှုဖြစ်ပွား

ဇူလိုင် ၃၀

      ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ကရင် ပြည်နယ်၊ မြဝတီမြို့နယ်တွင် အမျိုးသားတစ်ဦး အမှတ်(၁)ချစ်ကြည် ရေးတံတားအပေါ်မှ သောင်းရင်းမြစ်ထဲသို့ ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ သောင်းရင်းမြစ်အတွင်းသို့ ခုန်ချခဲ့သူအား လှေဖြင့် လိုက်လံဆယ်ယူခဲ့ရာ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဆယ်ယူနိုင်ခဲ့ကြောင်း သိရပါသည်။

    သောင်းရင်းမြစ်အတွင်းသို့ ခုန်ချခဲ့သူမှာ  ငြိမ်းသူရိန်ဦး၊၂၅ နှစ်၊(ဘ)ဦးသက်ဦး၊ ဖိုးပန်းသီလမ်း ၊ အမှတ်(၅)ရပ်ကွက် နေထိုင်သူတစ်ဦးဖြစ်ပြီး စိတ်မနှံသူ တစ်ဦးဖြစ်ကြောင်း၊ အဆိုပါ ငြိမ်းသူရိန်ဦးအား မြဝတီမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN