ငါန်းဇွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင်ဟောင်း တစ်ဦးကို လူသတ်အကြမ်း ဖက်သောင်းကျန်းသူ PDF များက နေအိမ်တွင် လာရောက်သတ်ဖြတ်

ဇူလိုင် ၃၀

       ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ရွာသစ်ကျေးရွာ​အုပ်စု၊ထမင်းဆိုင်ကျေးရွာနေ ဦးတင်ပိုင် ၊၅၄နှစ်၊ (ဘ) ဦးတင်ဦး သည် မိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် အမည်မသိ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF ၁၀ ဦးခန့် ရောက်ရှိလာပြီးသေနတ် ဖြင့်ပစ်ခတ်ခဲ့ရာ ဦးတင်ပိုင်တွင် ဦးခေါင်းနှင့်ဝမ်း ဗိုက်တို့၌ ဖောက်ထွက်ဒဏ်ရာများရရှိခဲ့ပြီးအခင်း ဖြစ်နေရာ၌ သေဆုံးသွားကြောင်း သတင်းရရှိပါ သည်။

      သေဆုံးသူ ဦးတင်ပိုင်သည် ယခင်က ငါန်းဇွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် တောင်သူတစ်ဦးအဖြစ် ရိုးသားစွာလုပ်ကိုင်စားသောက်နေသူ တစ်ဦး ဖြစ်ပါသည်။

      စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံပြီး ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN