ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံ အင်အားစုများက ဆန္ဒပြ တောင်းဆို

ဇူလိုင် ၃၀

          ဘင်္ဂလားဒေ့ရှ်၏ အဓိက အတိုက်အခံပါတီကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နုတ်ထွက်ရေးတောင်းဆိုရန်နှင့် အိမ်စောင့်အစိုးရအောက်တွင် အထွေ ထွေ ရွေးကောက်ပွဲများ ကျင်းပပေးရေးတောင်းဆိုရန် သောကြာနေ့က မြို့တော်တွင် စုဝေးခဲ့ကြသည်။

      ၎င်း၏ခေါင်းဆောင် Khaleda Zia သည် အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် 2018 ခုနှစ်တွင် ထောင်သွင်းအကျဉ်းချခံခဲ့ရပြီးနောက်ပိုင်း အဓိကအတိုက်အခံပါတီသည် မကြာသေးမီလများအတွင်း ပိုမိုကြီးမားသောဆန္ဒပြပွဲများကျင်းပခဲ့ပြီး လူနေမှုစရိတ်နှင့် ပတ်သက်၍ ဒေါသများထွက်ပေါ်နေသည့်ကြားတွင် ထောက်ခံသူထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့သည်။

      ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) သည် ၀န်ကြီးချုပ် Hasina ရာထူးမှ ဆင်းပေးရန်၊ ကြားနေအိမ်စောင့်အစိုးရအောက်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုထားပြီး သူမ၏အစိုးရ က ထိုတောင်းဆိုချက်ကို ပယ်ချခဲ့သည်။

    “BNP ၏ တစ်ချက် တောင်းဆိုချက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး ဖြစ်တယ်၊ ဒါဟာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မှသာလျှင် အောင်မြင်နိုင်မည် ဖြစ်တယ်၊ လက်ရှိအစိုးရလက်ထက်မှာ မဖြစ်နိုင်ပါဘူး” ဟု BNP အကြီးတန်းခေါင်းဆောင် Abdul Moyeen Khan က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

     “ဒီအစိုးရ နုတ်ကို နှုတ်ထွက်ရမှာဖြစ်ပြီး ကြားဖြတ်အစိုးရ လက်ထက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ရမှသာလျှင် ဘင်္ဂလားဒေ့ရှ်မှာ ပြည်သူတွေရဲ့ အစိုးရကို ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

       BNP ထောက်ခံသူများသည် ရဲတပ်ဖွဲ့၏ တားဆီးနှောင့်ယှက်မှုများကြောင့် နိုင်ငံအနှံ့ အပြားမှ Dhaka တွင် စုဝေးရောက်ရှိခဲ့ကြသည်။ “ပြည်သူတွေရဲ့ ဆန္ဒမဲပေးပိုင်ခွင့်အတွက် ကျွန်တော်တို့ ဒီကိုရောက်နေပါတယ်” ဟု စစ်တကောင်းဆိပ်ကမ်းမြို့မှ ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် BNP ထောက်ခံသူ Sana Ullah က ပြောကြားခဲ့သည်။

         “ဆန္ဒပြပွဲကို အစိုးရက တားဆီးဖို့ ပြင်းပြင်း ထန်ထန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက အတားအဆီးအားလုံးကို အံတုပြီး ချီတက်ပွဲ အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု BNP ခေါင်းဆောင် Mirza Abbas က ပြောကြားခဲ့သည်။

      တရားဝင် အထောက်အထား မပေးနိုင်တဲ့ လူအချို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြော ပါသည်။ အတိုက်အခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွဲခြင်းအတွက် အစိုးရကို ဝေဖန်ခဲ့ကြသည်။

       ပြည်တွင်း ဒီမိုကရေစီရွေးကောက်ပွဲ လုပ် ငန်းစဉ်ကို ပျက်ပြားစေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် ဗီဇာကန့်သတ်ရေး မူဝါဒသစ်ကို မေလတွင် အမေရိကန်က ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

       မဲမသမာမှုများစွပ်စွဲမှုများနှင့် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်အမျိုးသားရွေးကောက်ပွဲများကိုပျက်ပြားစေခဲ့သော နိုင်ငံရေးအတိုက်အခံများကိုပစ်မှတ်ထားပြီးနောက်တွင် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။ Hasina ၏အစိုးရသည် ထိုစွပ်စွဲ ချက်များကိုငြင်းဆိုထားပါသည်။

         ၂၀၀၉ ခုနှစ် အာဏာရလာကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့ Hasina ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတင်းလွတ်လပ်ခွင့်ကို ဖျက်ဆီးပြီး သဘော ထားကွဲလွဲမှုတွေကို ချိုးနှိမ်တဲ့အပြင် အဓိက အတိုက်အခံတွေကို ထောက်ခံသူ အများအပြား အပါအဝင် ဝေဖန်သူတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါသည်။

      Hasina ရဲ့ မဟာပြိုင်ဘက်နှင့် ဝန်ကြီးချုပ်ဟောင်း Khaleda သည် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အထူးစီမံမှုဖြင့် Dhaka မှာ နေထိုင်ခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမှ တားမြစ်ခံခဲ့ရသည်။

#PAN