ဒီပဲယင်းမြို့ကို အကြမ်းဖက်သောင်းကျန်းသူ PDF များကရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်၊ အရပ်သားပြည်သူရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲ

ဇူလိုင် ၃၀

      စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့ကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ဇူလိုင်လ ၂၇ ရက်တွင် ရှော့တိုက်ဒုံး ၂ လုံးဖြင့်ပစ်ခတ်ရာ မြို့နယ်လျှပ်စစ်ရုံးအတွင်းမြေကွက် လပ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ပစ္စည်းထိခိုက်ပျက်စီးမှု့မရှိကြောင်း သိရပါသည်။

       အလားတူ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ လျှပ်စစ်ရုံးရှေ့ ကားလမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် တစ်ဦးခေါင်းရှပ်ထိ(မစိုးရိမ်ရ)ဒဏ်ရာရခဲ့ကြောင်း၊ NLD အမာခံ ဦးအောင်ဝင်း၏ ခြံတံခါးပျက်စီးသွားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြဝင်းအိမ်သွတ်မိုး၂ ချပ်ပေါက်ပြဲ ပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ PDF များ သည် မြေပြင်တိုက်ပွဲများတွင် ၎င်းတို့အနေဖြင့် ထိခိုက်သေဆုံးများသဖြင့် Drone ဖြင့် Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ Drone များဖြင့် ဗုံးပစ်ချတိုက်ခိုက်ရာတွင် လုံခြုံရေးအဖွဲ့များက Drone Gun ဖြင့် ပစ်ချခံရမှုများလာသဖြင့် အဝေးမှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လာကြကြောင်း၊ ယခု ပစ်ခတ်မှုတွင် အကြမ်းဖက် PDF များက ဒီပဲယင်းမြို့၏ အနောက်တောင်ဘက် ၄ ဖာလုံအကွာ မဲသည်ရွာမှပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#PAN