ပေါက်မြို့နယ်၊ ယာကြီးပြင် ပြည်သူ့စစ်ရွာကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF  များက Drone အကြီးဖြင့် Drop Bomb ၂၇ လုံးပစ်ချတိုက်ခိုက်ခဲ့

ဇူလိုင် ၃၀

      ယမန်နေ့ ည ၈ နာရီ ၁၅မိနစ်အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ပြည်သူ့စစ်ရွာကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF  များက Drone အကြီးဖြင့် ဗုံး ၈ လုံး ပစ်ချတိုက်ခိုက်ရာ ပြည်သူများဗုံးခိုကျင်းနေရာများတွင် အမြန်နေရာယူရန်၊နေအိမ် မီးများကို လည်းပိတ်ထားကြရန် လုံခြုံရေးအဖွဲ့က အသံချဲစက်ဖြင့်သတိပေးနိူးဆော်ခဲ့ကြောင်း၊ ထိုသို့ သတိပေးနှိုးဆော်ပြီးနောက် နာရီဝက်ခန့်အကြာတွင် အကြမ်းဖက် PDF များက ဒုံးတစ်စင်းဖြင့် ဗုံး ၉ လုံး ထပ်မံပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ နောက် နာရီဝက်ခန့်အကြာတွင်လည်း ဗုံး ၁၀ လုံးပစ်ချကာ စုစုပေါင်းဗုံး၂၇ လုံး ည ၁၀ နာရီအထိတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

       ပြည်သူ့စစ်များအပါအဝင် လုံခြုံရေးပူး ပေါင်းအဖွဲ့များမှလည်း ပြန်လည်ပစ်ခတ်တိုက် ခိုက်ရှင်းလင်းခဲ့ကြောင်း၊ အကြမ်းဖက်များ၏ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မူကြောင့် ကျေးရွာနေအိမ်အချို့ပျက်စီးခဲ့ရကြောင်း၊ လုံခြုံရေးပူးပေါင်းအဖွဲ့များ အပါအဝင်ပြည်သူများထိခိုက်ဒဏ်ရာမရရှိကြောင်း၊အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ ထိ ခိုက် သေတုံးမှု မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN