ပေါက်မြို့နယ်တွင် မြို့ပေါ်နှင့် ပြည်သူ့စစ်ရွာများကို အကြမ်းဖက်သောင်းကျန်းသူ PDF များက Drone များဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မူများပြုလုပ်၊လမ်းပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ပြည်သူများ အခက်အခဲဖြစ်ပေါ်

ဇူလိုင် ၂၉

       မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်တွင် မြို့ပေါ်နှင့် ပြည်သူ့စစ်ရွာများကို ယခုရက်ပိုင်းအတွင်း လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက အခြားမြို့နယ်များမှ ခေါ်ထားသည့် Drone အဖွဲများနှင့်အတူ Drop Bomb ပစ်ချတိုက်ခိုက်မူများပြုလုပ်မည်ဟု ခြိမ်းခြောက်သတိပေးထားခဲ့ပြီး ဆက်တိုက်ဆိုသလို တိုက်ခိုက်လျက်ရှိနေပါသည်။

      ဇူလိုင်လ ၂၆ ရက်နေ့က ယာကြီးပြင်ပြည်သူ့ စစ်ရွာကိုတိုက်ခိုက်ခဲ့၍ ရွာသား ၆ ဦးဒဏ်ရာရကာ ၇တန်းကျောင်းသား တစ်ဦးသေဆုံးခဲ့ရကြောင်း၊ ဇူလိုင်လ ၂၈ ရက်နေ့ တပ်ကုန်းပြည်သူ့ စစ်ရွာတိုက်ခိုက်မူဖြစ်စဥ်တွင်လည်း ထိခိုက်ပျက်စီးခဲ့မှု အချို့ရှိခဲ့ကြောင်း သိရပါသည်။

      အလားတူ ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင်လည်း ပေါက်မြိုရဲစခန်းကို Drone ဖြင့် Drop Bomb နှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအရှေ့လမ်းမပေါ်တွင် တစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ၎င်းအနီးရှိ စျေးဆိုင်မှအမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိ၍ ပေါက်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်း၊ ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ကြာပြီဖြစ်ရာ တပ်မတော်ဆေးမှူးမှ ကြည့်ရှူကုသစောင့်ရှောက်ပေးနေကြောင်းဘသိရပါသည်။

         အကြမ်းဖက်သောင်းကျန်းသူ PDF များယခုသုံးနေသည့် Drone မှာ ဒလက်ခြောက်ခုပါ Drone အကြီးဖြစ်ကြောင်း၊ ယခုပေါက်မြို့နှင့်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်ရွာများမှာ အကြမ်း ဖက် PDF များ၏ လမ်းပိတ်ဆို့ဖြတ်တောက်ထားသဖြင့် စားနာရိက္ခာမှအစ ကျန်းမာရေးအဆုံးများစွာ အခက်အခဲဖြစ်ပေါ်နေမှုကို ပြည်သူများစိုးရိမ်နေကြရကြောင်း မြို့ခံပြည်သူများမှသတင်း ပေးပို့လာပါသည်။

#PAN